အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 21 Judson Bible (BJB)

1. ဣသရေလအမျိုးသည် အသရိမ်လမ်းဖြင့်လာကြသည်သိတင်းကို တောင်မျက်နှာ၌နေသော ခါနာန်အမျိုးအာရဒ်မင်းကြီးကြားလျှင်၊ ဣသရေလအမျိုးကို စစ်တိုက်၍ လူအချို့တို့ကိုဘမ်းဆီးသိမ်းသွားလေ၏။

2. ဣသရေလအမျိုးကလည်း၊ ကိုယ်တော်သည်ဤလူမျိုးကို အကျွန်ုပ်တို့လက်သို့ အပ်တော်မူလျှင်၊ သူတို့မြို့များကို ရှင်းရှင်းဖျက်ဆီးပါမည်ဟု ထာဝရဘုရားအား သစ္စာဂတိပြုလေ၏။

3. ထာဝရဘုရားသည်လည်း၊ ဣသရေလအမျိုး၏စကားကိုနားထောင်၍၊ ထိုခါနာန်အမျိုးသားတို့ကို အပ်တော်မူ၏။ သူတို့နှင့် သူတို့မြို့များကို ဣသရေလ လူတို့သည်ရှင်းရှင်းဖျက်ဆီး၍၊ ထိုအရပ်ကို ဟော်မာအမည်ဖြင့်သမုတ်ကြ၏။

4. ဟောရတောင်မှထွက်၍ ဧဒုံပြည်ကိုဝိုင်းခြင်းငှါ၊ ဧဒုံပင်လယ်လမ်းဖြင့် ချီသွားကြစဉ်၊ အသွားခက်သောကြောင့်၊ လူများတို့သည် စိတ်အားလျော့ကြ၍၊

5. သင်သည်ငါတို့ကို ဤတော၌သေစေခြင်းငှါ၊ အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။ မုန့်မရှိ၊ ရေလည်းမရှိ၊ ဤပေါ့ပျက်သောစားစရာကိုလည်း ငါတို့သည်အလွန်ရွံရှာ၏ဟု ဘုရားသခင်နှင့် မောရှေကိုဆန့်ကျင်ဘက်ပြု၍ ဆိုကြ၏။

6. ထိုအခါ ထာဝရဘုရားသည်၊ ဣသရေလအမျိုး သားတို့တွင် မီးမြွေများကို စေလွှတ်တော်မူ၍၊ လူအများတို့သည် အကိုက်ခံရသဖြင့်သေကြ၏။

7. ထိုကြောင့် လူများတို့သည် မောရှေထံသို့လာ၍ အကျွန်ုပ်တို့သည် ထာဝရဘုရားနှင့် ကိုယ်တော်ကိုဆန့်ကျင်လျက် ပြောဆို၍ပြစ်မှားပါပြီ။ ထာဝရဘုရားသည်မြွေများကို အကျွန်ုပ်တို့မှပယ်ရှားတော်မူမည်အကြောင်း ဆုတောင်းပါဟုလျှောက်လျှင်၊ မောရှေသည်လူများအဘို့ ဆုတောင်းလေ၏။

8. ထာဝရဘုရားကလည်း၊ မီးမြွေရုပ်ကိုလုပ်၍ တိုင်ပေါ်မှာမြှောက်ထားလော့။ အကိုက်ခံရသောသူတိုင်းကြည့်ရှုလျှင် အသက်ချမ်းသာရလိမ့်မည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊

9. မောရှေသည် ကြေးဝါဖြင့်မြွေကိုလုပ်၍ တိုင်ပေါ်မှာမြှောက်ချီထားပြီးလျှင်၊ မြွေကိုက်သောသူမည်သည်ကား၊ ကြေးဝါမြွေကိုကြည့်ရှုသောအခါ အသက်ချမ်းသာရကြ၏။

10. တဖန်ဣသရေလအမျိုးသားတို့သည် နေရာပြောင်း၍ ဩဗုတ်အရပ်၌ စားခန်းချကြ၏။

11. ဩဗုတ်အရပ်မှပြောင်းပြန်၍၊ နေထွက်ရာဘက်၊ မောဘပြည်ရှေ့တွင်ရှိသော တောမှာ၊ ဣဇာဗာရိမ်အရပ်၌ စားခန်းချကြ၏။

12. ထိုအရပ်မှပြောင်း၍၊ ဇာရက်ချောင်းနား၌ စားခန်းချကြ၏။

13. ထိုအရပ်မှတဖန်ပြောင်းပြန်၍၊ အာမောရိပြည်နယ်နှင့် စပ်သောတော၌ရှိသော အာနုန်ချောင်းနားတဘက်တချက်၌ စားခန်းချကြ၏။ အာနုန်ချောင်းကား၊ မောဘပြည်၊ အာမောရိပြည်စပ်ကြားအပိုင်းအခြား ဖြစ်သတည်း။

14. ထိုသို့နှင့်အညီ၊ ထာဝရဘုရားစစ်တိုက်စာ၌ကား၊ ဇာရက်အရပ်၊ သုပအရပ်၊ အာနုန်ချောင်းတို့၊

15. အာရပြည်သို့စီး၍ မောဘပြည်အနား၌ရှောက်သွားသော ချောင်းအသွယ်သွယ်ဟု လာသတည်း။

16. အာနုန်ချောင်းမှဗေရရေတွင်းသို့ ခရီးသွားကြ၏။ ထိုရေတွင်းကား အခြားမဟုတ်၊ ထာဝရဘုရားက၊ လူများကိုစုဝေးစေလော့၊ ရေကိုငါပေးမည်ဟု မောရှေအားမိန့်တော်မူရာ၌ ရည်ဆောင်သောရေတွင်းဖြစ်သတည်း။

17. ထိုအခါ ဣသရေလအမျိုးက၊ အိုတွင်းရေ၊ ထွက်လော့။ ထွက်အောင် သီခြင်းဆိုကြလော့။

18. တရားမင်းစီရင်သည်အတိုင်း၊ မှူးမတ်တို့သည်ရေတွင်းကိုတူးကြပြီ။ လူတို့တွင် အကဲအမှူးတို့သည် တောင်ဝေးတို့နှင့် ရေတွင်းကိုတူးကြပြီဟု သီခြင်းဆိုလေ၏။

19. ထိုတောမှမတ္တနာအရပ်သို့၎င်း၊ မတ္တနာအရပ်မှ နဟာလျေလအရပ်သို့၎င်း၊ နဟာလျေလအရပ်မှ ဗာမုတ်အရပ်သို့၎င်း၊

20. ဗာမုတ်အရပ်မှမောဘချိုင့်သို့၎င်း၊ ယေရှိမုန်မြို့ကို မျက်နှာပြုသော ပိသဂါတောင်ထိပ်သို့၎င်း ခရီးသွားကြ၏။

21. ထိုအခါဣသရေလအမျိုးသားတို့သည်၊ အာမောရိရှင်ဘုရင်ရှိဟုန်မင်းထံသို့ သံတမန်တို့ကိုစေလွှတ်လျက်၊

22. အကျွန်ုပ်တို့သည် မင်းကြီးပြည်အလယ်၌ ရှောက်၍သွားပါရစေ။ လယ်ယာသို့၎င်း၊ စပျစ်ဥယျာဉ်သို့၎င်းမဝင်ပါ။ တွင်းရေကိုလည်းမသောက်ပါ။ မင်းကြီး ပြည်ကိုမလွန်မှီတိုင်အောင်၊ မင်းလမ်းသို့သာရှောက်လိုက်ပါမည်ဟု အခွင့်တောင်းကြ၏။

23. ထိုပြည်အလယ်၌ ရှောက်သွားရသောအခွင့်ကို၊ ရှိဟုန်မင်းသည် ဣသရေလအမျိုးသားတို့အားမပေး။ မိမိလူအပေါင်းတို့ကိုစုဝေးစေ၍၊ ဣသရေလအမျိုးသားတို့ကိုဆီးတားခြင်းငှါ၊ သူတို့ရှိရာတောသို့ထွက်၍ ယာဟတ်မြို့သို့ ရောက်ပြီးလျှင် စစ်တိုက်လေ၏။

24. ထိုမင်းကို၊ ဣသရေလအမျိုးသားတို့သည် ထားနှင့်လုပ်ကြံ၍၊ အာနုန်ချောင်းမှသည် ယဗ္ဗုတ်ချောင်းတိုင်အောင်၎င်း၊ အမ္မုန်အမျိုးသားနေရာတိုင်အောင်၎င်း၊ ထိုမင်းပိုင်သောမြေကိုသိမ်းယူကြ၏။ အမ္မုန်အမျိုးသားနေရာနယ်စပ်ကား အားကြီး၏။

25. ထိုသို့ ဣသရေလအမျိုးသားတို့သည်၊ ဟေရှဘုန်မြို့မှစ၍ အာမောရိအမျိုးသားနေသော မြို့ရွာရှိသမျှတို့ကိုသိမ်းယူ၍နေကြ၏။

26. ဟေရှဘုန်မြို့ကား၊ မောဘပြည်ကိုအစိုးရသော အရင်ရှင်ဘုရင်နှင့် စစ်တိုက်၍ အာနုန်ချောင်းတိုင်အောင် ပြည်ကိုလုယူသောအာမောရိရှင်ဘုရင်ရှိဟုန် မင်းနေသောမြို့ ဖြစ်သတည်း။

27. ထိုအကြောင်းကိုရည်ဆောင်၍ လင်္ကာဆရာတို့က၊ ဟေရှဘုန်မြို့သို့သွား၍ တဖန်တည်ကြစို့။ ရှိဟုန်ဘုရင်နေသောမြို့ကို ပြင်ဆင်ကြစို့။

28. ရှိဟုန်ဘုရင်နေရာ ဟေရှဘုန်မြို့မှမီးလျှံထွက်၍ မောဘပြည်အာရမြို့နှင့်တကွ၊ အာနုန်ချောင်းနား၊ မြင့်သောအရပ်၌ အစိုးရသောမင်းတို့ကို လောင်လေပြီ။

29. အိုမောဘပြည်၊ သင်သည်အမင်္ဂလာရှိ၏။ အိုခေမုရှတပည့်တို့၊ သင်တို့သည် အကျိုးနည်းကြပြီ။ ပြေးရသောမိမိသားသမီးတို့ကို အာမောရိရှင်ဘုရင်ရှိဟုန်လက်သို့ ရောက်စေခြင်းငှါ၊ ထိုဘုရားသည်အခွင့်ပေးပြီတကား။

30. တဖန်ငါတို့သည် အာမောရိသားတို့ကိုတိုက်ပြန်သောကြောင့်၊ ဟေရှဘုန်ပြည်သည် ဒိဘုန်မြို့တိုင်အောင်ပျက်လေပြီ။ မေဒဘမြို့နှင့် နီးစပ်သော နောဖာမြို့တိုင်အောင် သူတို့ကိုသုတ်သင်ပယ်ရှင်းကြပြီဟု ဆိုသတည်း။

31. ထိုသို့ဣသရေလအမျိုးသားတို့သည် အာမောရိပြည်၌နေရကြ၏။

32. မောရှေသည်လည်း၊ ယာဇာမြို့ကိုစူးစမ်းခြင်းငှါ လူကိုစေလွှတ်ပြီးလျှင်၊ ထိုမြို့ရွာတို့ကိုသိမ်းယူ၍ အရင်နေသော အာမောရိအမျိုးသားတို့ကို နှင်ထုတ်ကြ၏။

33. တဖန် ဣသရေလအမျိုးသားတို့သည်လှည့်၍၊ ဗာရှန်ပြည်သို့ ခရီးသွားကြ၏။ ဗာရှန်ရှင်ဘုရင်ဩဃသည်၊ မိမိလူအပေါင်းတို့နှင့် ဧဒြိအရပ်မှာစစ်တိုက်ခြင်းငှါ ချီသွား၏။

34. ထာဝရဘုရားကလည်း၊ သူ့ကိုမကြောက်နှင့်။ သူနှင့်တကွ သူ၏လူအပေါင်းကို၎င်း၊ သူ၏မြေကို၎င်း၊ သင့်လက်၌ငါအပ်ပေးပြီ။ ဟေရှဘုန်မြို့နေ အာမောရိရှင်ဘုရင်ရှိဟုန်ကို ပြုသကဲ့သို့၊ ဤမင်းကိုလည်းပြုရမည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊

35. ထိုမင်းနှင့် သားများ၊ လူများအပေါင်းတို့ကို တယောက်မျှမကြွင်းလုပ်ကြံ၍ သူ၏ပြည်ကိုသိမ်းယူကြ၏။