17. ကိုယ်တော့်ပြည်အလယ်၌ရှောက်၍ သွားပါရစေ။ လယ်ယာများ၊ စပျစ်ဥယျာဉ်များကိုမနင်းပါ။ တွင်းရေကိုလည်း မသောက်ပါ။ ကိုယ်တော့်ပြည်နယ်ကို မလွန်မှီတိုင်အောင်၊ လက်ျာဘက်၊ လက်ဝဲဘက်သို့မလွှဲ၊ မင်းလမ်းသို့သာ ရှောက်လိုက်ပါမည်ဟု တောင်းပန်စေ၏။
18. ဧဒုံကလည်း၊ သင်သည်ငါ့ပြည်အလယ်၌ မရှောက်မသွားရ။ ရှောက်သွားလျှင်၊ ထားလက်နက်နှင့် ဆီးတားမည်ဟုပြန်ပြော၏။
19. ဣသရေလအမျိုးသားတို့ကလည်း၊ မင်းလမ်းသို့သာ ရှောက်လိုက်ပါမည်။ ကိုယ်တိုင်မှစ၍ တိရစ္ဆာန်တို့သည် ကိုယ်တော့်ရေကိုသောက်လျှင် အဘိုးကိုပေးပါ မည်။ အခြားသောအမှုကိုမပြုဘဲ၊ ခြေဖြင့်သွားရုံမျှသာပြုပါမည်ဟု ဆိုသော်လည်း၊
20. ဧဒုံက၊ သင်သည်ရှောက်၍မသွားရဟုဆိုလျက်၊ များစွာသော ဗိုလ်ခြေအလုံးအရင်းနှင့်တကွ ဆီးတားခြင်းငှါထွက်လာ၏။
21. ထိုသို့ဧဒုံသည် သူ၏ပြည်အလယ်၌ရှောက်သွားသောအခွင့်ကို ဣသရေလအား မပေးသောကြောင့်၊ ဣသရေလသည်လွှဲရှောင်လေ၏။
22. ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့သည် ကာဒေရှအရပ်မှပြောင်း၍ ဟောရတောင်သို့ရောက်ကြ၏။
23. ဧဒုံပြည်စွန်နား၊ ဟောရတောင်ပေါ်မှာ ထာဝရဘုရားသည် မောရှေနှင့် အာရုန်တို့ကိုခေါ်၍၊