ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 20:1-9 Judson Bible (BJB)

1. သက္ကရာဇ်လေးဆယ်၊ ပဌမလ၌ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည်၊ ဇိနတောသို့ရောက်၍၊ ကာဒေရှအရပ်၌နေကြ၏။ ထိုအရပ်၌ မိရိအံသေ၍သင်္ဂြိုဟ်လေ၏။

2. ပရိသတ်တို့သောက်စရာရေမရှိသောကြောင့်၊ မောရှေနှင့် အာရုန်တဘက်၌ စုဝေးကြလျက်၊

3. ထာဝရဘုရားရှေ့မှာ ငါတို့အစ်ကိုများသေသောအခါ၊ ငါတို့လည်းမသေပါလေ။

4. ငါတို့နှင့် ငါတို့တိရစ္ဆာန်များကိုသေစေခြင်းငှါ၊ ထာဝရဘုရား၏ပရိသတ်ကို ဤတောသို့ အဘယ်ကြောင့်ဆောင်ခဲ့သနည်း။

5. ငါတို့ကို အဲဂုတ္တုပြည်မှထွက်စေ၍၊ ဤဆိုးသောအရပ်သို့ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။ ဤအရပ်သည် လယ်လုပ်စရာမကောင်း၊ သင်္ဘောသဖန်းပင်၊ စပျစ် နွယ်ပင်၊ သလဲပင်စိုက်စရာမကောင်း။ သောက်စရာရေမျှမရှိဟု မောရှေကို အပြစ်တင်၍ ဆိုကြ၏။

6. မောရှေနှင့် အာရုန်တို့သည် လူအစုအဝေးမှထွက်၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝသို့သွားသဖြင့်၊ ပြပ်ဝပ်လျက်နေကြစဉ်၊ ထာဝရဘုရား၏ ဘုန်း တော်သည်ထင်ရှားလေ၏။

7. ထာဝရဘုရားကလည်း၊

8. လှံတံတော်ကိုကိုင်ယူ၍ သင်၏အစ်ကိုအာရုန်ပါလျက်၊ ပရိသတ်များကို စုဝေးစေလော့။ သူတို့ရှေ့မှာကျောက်ကိုမှာထားလော့။ ကျောက်သည် မိမိရေကို ထွက်စေ၍၊ ပရိသတ်များနှင့် သူတို့တိရစ္ဆာန်များတို့အားသောက်ဘို့ ရေကိုပေးရမည်ဟု၊

9. မောရှေအားမိန့်တော်မူသည်အတိုင်း၊ မောရှေသည် လှံတံတော်ကို ထာဝရဘုရားရှေ့တော်ကယူ၍၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 20