ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 2:17-34 Judson Bible (BJB)

17. ထိုအခါ၊ တပ်မအလယ်၌ ပရိသတ်စည်းဝေးရာတဲတော်နှင့်တကွ လေဝိတပ်ချီရမည်။ တပ်ချသည်အတိုင်း လူအသီးသီးတို့သည် မိမိနေရာ၌ မိမိဆိုင်သောအလံနှင့်အတူ လိုက်လျက်ချီရကြမည်။

18. အနောက်မျက်နှာ၌ ဧဖရိမ်တပ်အလုံးအရင်းသည်၊ ဧဖရိမ်အလံကိုထူ၍ အမိဟုဒ်သားဧလိရှမာသည်၊ ဧဖရိမ်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။

19. သူအုပ်ရသောအလုံးအရင်းအရေအတွက်ကား၊ လေးသောင်းငါးရာရှိသတည်း။

20. ဧဖရိမ်တပ်အနားမှာ မနာရှေတပ်ချ၍၊ ပေဒါဇုရသားဂါမလေလျလသည်၊ မနာရှေအမျိုးသားတို့တွင်ဗိုလ်လုပ်ရမည်။

21. သူအုပ်ရသောအလုံးအရင်းအရေအတွက်ကား၊ သုံးသောင်းနှစ်ထောင်နှစ်ရာ ရှိသတည်း။

22. ထိုနောက်ဗင်္ယာမိန်တပ်ချ၍၊ ဂိဒေါနိသားအဘိဒန်သည်၊ ဗင်္ယာမိန်အမျိုးသားတို့တွင်ဗိုလ်လုပ်ရမည်။

23. သူအုပ်ရသောအလုံးအရင်းအရေအတွက်ကား၊ သုံးသောင်းငါးထောင်လေးရာ ရှိသတည်း။

24. ဧဖရိမ်တပ်နှင့်ဆိုင်သော အလုံးအရင်းအရေအတွက်ကား၊ တသိန်းရှစ်ထောင်တရာရှိသတည်း။ ဤသူတို့သည် တတိယတပ်အရာ၌ချီရကြမည်။

25. တပ်များမြောက်မျက်နှာ၌၊ ဒန်တပ်အလုံးအရင်းသည် ဒန်အလံကိုထူ၍ အမိရှဒ္ဒသားအဟေဇာသည်၊ ဒန်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ 

26. သူအုပ်ရသောအလုံးအရင်းအရေအတွက်ကား၊ ခြောက်သောင်း နှစ်ထောင်ခုနစ်ရာရှိသတည်း။

27. ဒန်တပ်အနားမှာ၊ အာရှာတပ်ချ၍ ဩကရန်သားပါဂျေလသည်၊ အာရှာအမျိုးသားတို့တွင်ဗိုလ်လုပ်ရမည်။

28. သူအုပ်ရသောအလုံးအရင်းအရေအတွက်ကား၊ လေးသောင်းတထောင်ငါးရာ ရှိသတည်း။

29. ထိုနောက်၊ နဿလိတပ်ချ၍ ဧနန်သားအဟိရသည်၊ နဿလိအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။

30. သူအုပ်ရသောအလုံးအရင်းအရေအတွက်ကား၊ ငါးသောင်းသုံးထောင်လေးရာ ရှိသတည်း။

31. ဒန်တပ်နှင့်ဆိုင်သောအလုံးအရင်းအရေအတွက်ကား၊ တသိန်းငါးသောင်း ခုနစ်ထောင်ခြောက်ရာရှိသတည်း။ ဤသူတို့သည်မိမိတို့အလံပါလျက် နောက် ဆုံးတပ်အရာ၌ချီရကြမည်။

32. ထိုသို့နှင့်အညီ၊ အဆွေအမျိုးအလိုက်ရေအတွက်သော ဣသရေလအမျိုးသားတပ် အလုံးအရင်းလူပေါင်းကား၊ ခြောက်သိန်းသုံးထောင်ငါးရာ ငါးဆယ်ရှိသတည်း။

33. ထာဝရဘုရားသည်၊ မောရှအားမှာထားတော်မူသည်အတိုင်း လေဝိသားတို့ကို ဣသရေလအမျိုးသားတို့နှင့် ရောနှော၍မရေတွက်ရ။

34. ထာဝရဘုရားသည်၊ မောရှေအားမှာထားတော်မူသည်အတိုင်း ဣသရေလအမျိုးသားအသီးသီးတို့သည် မိမိအလံအနားမှာ မိမိနေရာချခြင်းကို၎င်း၊ မိမိဘိုးဘအမျိုးအလိုက်ချီခြင်းကို၎င်း ပြုရကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 2