ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 17:1-7 Judson Bible (BJB)

1. တဖန်ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊

2. သင်သည် ဣသရေလအမျိုးသားတို့အားဆင့်ဆိုပြီးမှ၊ ဘိုးဘအဆွေအမျိုးအလိုက် ဣသရေလဆယ်နှစ်မျိုး၌ မင်းပြုသောသူအသီးအသီးပေးရသော လှံတံဆယ်နှစ်ချောင်းတို့ကိုယူ၍၊ လူတိုင်းအမည်ကို သူ့လှံတံပေါ်မှာရေးထားလော့။

3. လေဝိအမျိုး၏လှံတံပေါ်မှာ အာရုန်အမည်ကိုရေးထားလော့။ ဘိုးဘအဆွေအမျိုးသူကြီးတဦးလျှင် လှံတံတချောင်းစီရှိရမည်။

4. ထိုလှံတံတို့ကို ငါဗျာဒိတ်ပေးရာအရပ်၊ ပရိသတ်စည်းဝေးရာတဲတော်အတွင်း၊ သက်သေခံချက်ရှေ့မှာတင်ထားလော့။

5. ငါရွေးကောက်သောသူ၏လှံတံသည် အပွင့်ပွင့်လိမ့်မည်။ ထိုသို့ပြုမှ ဣသရေလအမျိုးသားတို့သည် သင်၌အပြစ်တင်၍မြည်တမ်းခြင်းကို နောက်တဖန် ငါနားမငြီးရာဟု မိန့်တော်မူသည်အတိုင်း၊

6. မောရှေသည် ဣသရေလအမျိုးသားတို့အားဆင့်ဆို၍၊ မင်းအပေါင်းတို့သည် ဘိုးဘအဆွေအမျိုးအလိုက်၊ မင်းတဦးလျှင်လှံတံတချောင်းစီ လှံတံဆယ်နှစ် ချောင်းတို့ကိုပေးကြ၏။ အာရုန်၏လှံတံသည် လှံတံများ၌ပါသတည်း။

7. မောရှေသည် ထိုလှံတံတို့ကို သက်သေခံချက်တဲတော်အတွင်း၊ ထာဝရဘုရားရှေ့တော်၌ တင်ထားလေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 17