အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 17 Judson Bible (BJB)

1. တဖန်ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊

2. သင်သည် ဣသရေလအမျိုးသားတို့အားဆင့်ဆိုပြီးမှ၊ ဘိုးဘအဆွေအမျိုးအလိုက် ဣသရေလဆယ်နှစ်မျိုး၌ မင်းပြုသောသူအသီးအသီးပေးရသော လှံတံဆယ်နှစ်ချောင်းတို့ကိုယူ၍၊ လူတိုင်းအမည်ကို သူ့လှံတံပေါ်မှာရေးထားလော့။

3. လေဝိအမျိုး၏လှံတံပေါ်မှာ အာရုန်အမည်ကိုရေးထားလော့။ ဘိုးဘအဆွေအမျိုးသူကြီးတဦးလျှင် လှံတံတချောင်းစီရှိရမည်။

4. ထိုလှံတံတို့ကို ငါဗျာဒိတ်ပေးရာအရပ်၊ ပရိသတ်စည်းဝေးရာတဲတော်အတွင်း၊ သက်သေခံချက်ရှေ့မှာတင်ထားလော့။

5. ငါရွေးကောက်သောသူ၏လှံတံသည် အပွင့်ပွင့်လိမ့်မည်။ ထိုသို့ပြုမှ ဣသရေလအမျိုးသားတို့သည် သင်၌အပြစ်တင်၍မြည်တမ်းခြင်းကို နောက်တဖန် ငါနားမငြီးရာဟု မိန့်တော်မူသည်အတိုင်း၊

6. မောရှေသည် ဣသရေလအမျိုးသားတို့အားဆင့်ဆို၍၊ မင်းအပေါင်းတို့သည် ဘိုးဘအဆွေအမျိုးအလိုက်၊ မင်းတဦးလျှင်လှံတံတချောင်းစီ လှံတံဆယ်နှစ် ချောင်းတို့ကိုပေးကြ၏။ အာရုန်၏လှံတံသည် လှံတံများ၌ပါသတည်း။

7. မောရှေသည် ထိုလှံတံတို့ကို သက်သေခံချက်တဲတော်အတွင်း၊ ထာဝရဘုရားရှေ့တော်၌ တင်ထားလေ၏။

8. နက်ဖြန်နေ့၌ သက်သေခံချက်တဲတော်အတွင်းသို့ မောရှေဝင်သောအခါ၊ လေဝိအမျိုးနှင့်ဆိုင်သောအာရုန်၏လှံတံသည် အရွက်ထွက်လျက်၊ ငုံလျက်၊ ပွင့် လျက်၊ ဗာတံသီးကိုသီးလျက်ရှိ၏။

9. မောရှေသည်လှံတံရှိသမျှတို့ကို ထာဝရဘုရားထံတော်က ဣသရေလအမျိုးသားတို့ရှေ့သို့ ထုတ်ဆောင်သဖြင့်၊ သူတို့သည်ကြည့်ရှု၍၊ လူတိုင်း မိမိလှံတံကိုယူပြန်လေ၏။

10. ထာဝရဘုရားကလည်း၊ ပုန်ကန်သောသူတို့တဘက်၌ သက်သေဖြစ်စေခြင်းငှါ၊ အာရုန်၏လှံတံကို သက်သေခံချက်ရှေ့၌ပြန်ထား၍ အမြဲရှိစေလော့။ ထိုသို့ သူတို့သည် သေဘေးနှင့်လွတ်မည်အကြောင်း၊ သူတို့အပြစ်တင်၍ မြည်တမ်းခြင်းကို ငါနားမငြီးရာဟု၊

11. မောရှေအားမှာထားတော်မူသည်အတိုင်း၊ မောရှေသည်ပြုလေ၏။

12. ဣသရေလအမျိုးသားတို့ကလည်း၊ အကျွန်ုပ်တို့သည် သေကြေပျက်စီးကြပါ၏။ တယောက်မျှမကြွင်းပျက်စီးရကြပါ၏။

13. ထာဝရဘုရား၏တဲတော်ကို ချဉ်းကပ်သောသူတိုင်း သေပါလိမ့်မည်။ အကျွန်ုပ်တို့ရှိသမျှသည် သေဘေးသင့်၍ ဆုံးရှုံးခြင်းသို့ရောက်ရကြပါဦးမည်လောဟု မောရှေအားလျှောက်ဆိုကြ၏။