ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 15:1-11 Judson Bible (BJB)

1. တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည်ဣသရေလအမျိုးသားတို့ကို ဆင့်ဆိုရမည်မှာ၊

2. သင်တို့နေရာဖြစ်သော ငါပေးသောပြည်သို့ ရောက်၍နေကြသောအခါ

3. သစ္စာဂတိရှိ၍ ပူဇော်သော်၎င်း၊ အလိုလိုပူဇော်သော်၎င်း၊ ပွဲသဘင်ခံ၍ ပူဇော်သော်၎င်း၊ မီးရှို့ရာယဇ်အစရှိသော အခြားသောယဇ်ကို မီးဖြင့်ပူဇော်၍ သိုးနွား အားဖြင့် ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ကိုပြုခြင်းငှါအလိုရှိလျှင်၊

4. ထာဝရဘုရားအား ပူဇော်သက္ကာကိုပြုသောသူသည်၊ သိုးသငယ်ကိုပူဇော်လျှင် မီးရှို့ရာယဇ်ဖြစ်စေ၊ အခြားသောယဇ်ဖြစ်စေ၊

5. ယဇ်နှင့်တကွ ဘောဇဉ်ပူဇော်သက္ကာကို ဆီသုံးလောဃရောသော မုန့်ညက်တဩမဲကို၎င်း။ သွန်းလောင်းရာပူဇော်သက္ကာကို စပျစ်ရည် သုံးလောဃကို၎င်း၊ ပြင်ဆင်၍ဆောင်ခဲ့ရမည်။

6. သိုးကိုပူဇော်လျှင်၊ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ရှိစေခြင်းငှါ၊

7. ဘောဇဉ်ပူဇော်သက္ကာဘို့ ဆီလေးလောဃရောသော မုန့်ညက်နှစ်ဩမဲကို ပြင်ဆင်၍ သွန်းလောင်းရာပူဇော်သက္ကာဘို့ စပျစ်ရည်လေးလောဃကို ပူဇော်ရမည်။

8. ထာဝရဘုရားအားမီးရှို့ရာယဇ်၊ သစ္စာဂတိရှိ၍ပူဇော်သောယဇ်၊ မိဿဟာယယဇ်ဘို့ နွားကိုပြင်ဆင်လျှင်၊

9. မီးဖြင့်ပူဇော်၍ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ရှိစေခြင်းငှါ၊

10. နွားနှင့်တကွ ဘောဇဉ်ပူဇော်သက္ကာဘို့ ဆီခြောက်လောဃရောသော မုန့်ညက်သုံးဩမဲကို၎င်း၊ သွန်းလောင်းရာပူဇော်သက္ကာဘို့ စပျစ်ရည်ခြောက်လောဃ ကို၎င်း ဆောင်ခဲ့ရမည်။

11. နွားတကောင်၊ သိုးတကောင်၊ သိုးသငယ်တကောင်၊ ဆိတ်သငယ်တကောင်ကို ယဇ်ပူဇော်သောအခါ ထိုသို့ပြုရမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 15