ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 14:1-4 Judson Bible (BJB)

1. ထိုအခါပရိသတ်အပေါင်းတို့သည် အသံကိုလွှင့်၍ မြည်တမ်းသဖြင့်၊ တညဉ့်လုံး ငိုကြွေးကြ၏။

2. ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့သည်၊ မောရှေနှင့် အာရုန်ကို အပြစ်တင်သောစကားနှင့် မြည်တမ်းလျက်၊ ငါတို့သည် အဲဂုတ္တုပြည်၌မသေပါလေ။ ဤတော၌မသေပါလေ။

3. ငါတို့သည်ထားဖြင့်သေ၍ သားမယားတို့သည် ရန်သူလက်သို့ရောက်စေခြင်းငှါ ထာဝရဘုရားသည် အဘယ်ကြောင့်ငါတို့ကို ဤအရပ်သို့ဆောင်ခဲ့တော်မူသနည်း။ အဲဂုတ္တုပြည်သို့ပြန်ကောင်းသည်မဟုတ်လောဟု မောရှေနှင့် အာရုန်အားဆိုပြီးမှ၊

4. တဖန်လူတစုံတယောက်ကိုချီးမြှောက်၍၊ အဲဂုတ္တုပြည်သို့ပြန်ကြစို့ဟု တယောက်ကို တယောက်ဆိုကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 14