အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 13 Judson Bible (BJB)

1. တဖန်ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊

2. ဣသရေလအမျိုးသားတို့အား ငါပေးသောခါနာန်ပြည်ကို စူးစမ်းစေခြင်းငှါ၊ အမျိုးအနွယ်အသီးအသီးထဲက အဆွေအမျိုးသူကြီးဖြစ်သောသူ တမျိုးတယောက်စီ ရွေးကောက်၍စေလွှတ်လော့ဟု၊

3. ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ မောရှေသည် လူတို့ကို ပါရန်တောက စေလွှတ်လေ၏။ စေလွှတ်သောသူအပေါင်းတို့သည် ဣသရေလအမျိုး၌ အကဲအမှူးဖြစ်ကြ၏။

4. သူတို့အမည်ကား၊ ရုဗင်အမျိုး၊ ဇက္ကုရသားရှမွာ။

5. ရှိမောင်အမျိုး၊ ဟောရိသား၊ ရှာဖတ်။

6. ယုဒအမျိုး၊ ယေဖုန္နသားကာလက်၊

7. ဣသခါမအမျိုး၊ ယောသပ်သားဣဂါလ။

8. ဧဖရိမ်အမျိုး၊ နုန်သားဩရှေ

9. ဗင်္ယာမိန်အမျိုး၊ ရာဖုသားပါလတိ။

10. ဇာဗုလုန်အမျိုး၊ သောဒိသားဂါဒျေလ။

11. ယောသပ်သားတွင် မနာရှေအမျိုး၊ သုသိသားဂဒ္ဒိ။

12. ဒန်အမျိုး၊ ဂေမလ္လိသားအမျေလ။

13. အာရှာအမျိုး၊ မိက္ခေလသားသေသုရ။

14. နဿလိအမျိုး၊ ဝါဖသိသားနာဘိ၊

15. ဂဒ်အမျိုး မာခိသားဂွေလတည်းဟူသော၊

16. ခါနာန်ပြည်ကိုစူးစမ်းစေခြင်းငှါ မောရှေစေလွှတ်သော သူတို့၏အမည်တည်း။ နုန်၏သားဩရှေကို ယောရှုဟူသောအမည်ဖြင့် မောရှေမှည့်လေ၏။

17. ခါနာန်ပြည်ကိုစူးစမ်းစေခြင်းငှါ မောရှေစေလွှတ်လျက်၊ သင်တို့သည် တောင်မျက်နှာလမ်းဖြင့်သွား၍ တောင်ရိုးပေါ်သို့တက်ကြလော့။

18. ထိုပြည်သည် အဘယ်သို့သောပြည် ဖြစ်သနည်း။ ပြည်သားတို့သည် အားကြီးသလော၊ အားနည်းသလော။ များသလော၊ နည်းသလော။

19. သူတို့နေသောပြည်သည် ကောင်းသလော၊ မကောင်းလော။ သူတို့နေသော မြို့ရွာတို့သည် အဘယ်သို့နည်း။ တဲနှင့် နေကြသလော။ ခိုင်ခံ့သော မြို့နှင့် နေကြသလော။

20. ထိုမြေသည် ကောင်းသလော၊ မကောင်းလော၊ တောများသလော၊ နည်းသလောဟု ကြည့်ရှုကြလော့။ ရဲရင့်သောစိတ်ရှိကြလော့။ သစ်သီးအချို့ကိုလည်း ယူခဲ့ကြလော့ဟု မှာလိုက်လေ၏။ ထိုကာလသည် စပျစ်သီးမှည့်စကာလဖြစ်သတည်း။

21. ထိုသူတို့သည်ဇိနတောမှသွား၍ ဟာမတ်မြို့သို့ရောက်သောလမ်းနား၊ ရဟောဘမြို့တိုင်အောင် ခါနာန်ပြည်ကိုစူးစမ်းကြ၏။

22. တောင်မျက်နှာ၌ရှောက်သွား၍ အာနကအမျိုးသားအဟိမန်၊ ရှေရှဲ တာလမဲနေသော ဟေဗြုန်မြို့သို့ရောက်ကြ၏။ ဟေဗြုန်မြို့ကား၊ အဲဂုတ္တုပြည်၌ ဇောနမြို့မတည်မှီ ခုနစ်နှစ်ကတည်သောမြို့ဖြစ်သတည်း။

23. ဧရှကောလချိုင့်သို့ရောက်လျှင် အသီးတပြွတ်ပါသောစပျစ်နွယ်ပင် အခက်တခက်ကိုခုတ်၍ လူနှစ်ယောက်တို့သည် ထမ်းဘိုးနှင့်ထမ်းကြ၏။ သလဲသီး၊ သင်္ဘောသဖန်းသီးများကိုလည်း ဆောင်ခဲ့ကြ၏။

24. ဣသရေလအမျိုးသားခုတ်ယူသော စပျစ်သီးပြွတ်ကိုထောက်၍၊ ထိုချိုင့်ကို ဧရှကောလချိုင့်ဟူသောအမည်ဖြင့် မှည့်သတည်း။

25. အရက်လေးဆယ်လွန်မှ ခါနာန်ပြည်ကို စူးစမ်းသောအမှုပြီး၍ ပြန်လာကြ၏။

26. မောရှေနှင့် အာရုန်မှစ၍ ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့နေရာ ပါရန်တော၊ ကာဒေရှအရပ်သို့ရောက်သောအခါ ပရိသတ်အပေါင်းတို့အား သိတင်းကြားပြော၍ ထိုပြည်၌သီးသောအသီးကို ပြကြ၏။

27. မောရှေအားလည်း၊ အကျွန်ုပ်တို့သည် ကိုယ်တော်စေလွှတ်သော ပြည်သို့ရောက်ခဲ့ပါပြီ။ အကယ်စင်စစ်ထိုပြည်သည် နို့နှင့်ပျားရည်စီးသော ပြည်ဖြစ်ပါ၏။ ဤအသီးတို့ကား ထိုပြည်၌သီးသောအသီးဖြစ်ပါ၏။

28. သို့ရာတွင် ပြည်သူပြည်သားတို့သည်အားကြီးပါ၏။ ခိုင်ခံ့သော မြို့ကြီးနှင့် နေကြပါ၏။ ထိုမျှမက အာနကအမျိုးသားတို့ကိုလည်းမြင်ရပါ၏။

29. အာမလက်အမျိုးသားတို့သည် တောင်ဘက်၌၎င်း၊ ဟိတ္တိလူ၊ ယေဗုသိလူ၊ အာမောရိလူတို့သည်တောင်ရိုးပေါ်၌၎င်း၊ ခါနာနိလူတို့သည် ပင်လယ်နား ယော်ဒန်မြစ်နား၌၎င်း၊ နေကြပါသည်ဟုလျှောက်ဆိုကြ၏။

30. ကာလက်ကလည်း ချက်ခြင်းချီသွား၍ ထိုပြည်ကိုသိမ်းယူကြစို့။ အောင်နိုင်ကောင်းသည်ဟုဆို၍ မောရှေရှေ့မှာ လူများတို့ကိုငြိမ်းစေ၏။

31. သူနှင့်အတူလိုက်သွားသောသူတို့က ထိုပြည်သားတို့ကို ငါတို့မတိုက်နိုင်။ သူတို့သည် ငါတို့ထက်သာ၍ အားကြီးကြသည်ဟူ၍၎င်း၊

32. ငါတို့သွား၍စူးစမ်းသောပြည်သည် မိမိသားတို့ကိုဖျက်ဆီးတတ်၏။ ငါတို့တွေ့မြင်သော ပြည်သားအပေါင်းတို့သည် အလွန်အရပ်မြင့်ကြ၏။

33. ကိုယ်ကြီးသောလူအမျိုးအနွယ်၊ အာနကအမျိုးအနွယ်ဖြစ်၍ အလွန်ကြီးမားသောသူတို့ကိုလည်း မြင်ခဲ့ ကြပြီ။ သူတို့ရှေ့မှာ ငါတို့သည် ကိုယ်အထင်တိုင်းနှံကောင်ကဲ့သို့ဖြစ်ကြသည်ဟူ၍၎င်း၊ မိမိတို့စူးစမ်းသောပြည်ကို ဣသရေလအမျိုးသားတို့အား မကောင်းသောသိတင်းကိုကြားပြောကြလေ၏။