ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 12:2-7 Judson Bible (BJB)

2. အကယ်၍ထာဝရဘုရားသည်၊ မောရှေအားဖြင့်သာ ဗျာဒိတ်ပေးတော်မူသလော။ ငါတို့အားဖြင့်လည်းပေးတော်မမူလောဟု ဆိုကြ၏။ ထိုစကားကို ထာဝရ ဘုရားကြားတော်မူ၏။

3. မောရှေသည် မြေကြီးပေါ်မှာရှိနေသော သူအပေါင်းတို့ထက်သာ၍ နူးညံ့သိမ်မွေ့သောသဘောရှိ၏။

4. ထာဝရဘုရားကလည်း၊ သင်တို့သုံးယောက်သည် ပရိသတ်စည်းဝေးရာ တဲတော်သို့ ထွက်သွားကြလော့ဟု မောရှေ၊ အာရုန်၊ မိရိအံတို့အား ချက်ခြင်း မိန့်တော်မူ၍ သူတို့သည်ထွက်သွားကြ၏။

5. ထာဝရဘုရားသည် မိုဃ်းတိမ်တိုင်ဖြင့်ဆင်းသက်၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ၌ရပ်လျက်၊ အာရုန်နှင့် မိရိအံကိုခေါ်တော်မူ၍၊ သူတို့သည် ချဉ်းကပ်ကြ၏။

6. ထာဝရဘုရားကလည်း၊ ငါ့စကားကိုနားထောင်ကြလော့။ သင်တို့တွင် ပရောဖက်ရှိလျှင်၊ ငါထာဝရဘုရားသည် ထိုသူ၌ ထူးဆန်းသောရူပါရုံအားဖြင့် ကိုယ်ကို ပြမည်။ သို့မဟုတ် အိပ်မက်အားဖြင့်ဗျာဒိတ်ပေးမည်။

7. အိမ်တော်တအိမ်လုံး၌ သစ္စာစောင့်သော ငါ့ကျွန်မောရှေသည် ထိုသို့မဟုတ်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 12