ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 1:14-19 Judson Bible (BJB)

14. ဂဒ်အမျိုး၊ ဒွေလသားဧလျာသပ်၊

15. နဿလိအမျိုး၊ ဧနန်သားအဟိရတည်း။

16. ဤသူတို့သည် ပရိသတ်တွင်ကျော်စောသောသူ၊ အဆွေအမျိုး သူကြီးမင်းဖြစ်၍ ဣသရေလအမျိုး၌ လူတထောင်စီအုပ်ရသောသူ ဖြစ်ကြသတည်း။

17. ထိုသို့နာမည်ဖြင့်ရွေးတော်မူသော ထိုသူတို့ကို၊ မောရှေနှင့် အာရုန်သည်ခေါ်၍၊

18. ဒုတိယလ၊ ပဌမနေ့၌ ပရိသတ်အပေါင်းကိုစည်းဝေးစေပြီးမှ၊ အဆွေအမျိုးစာရင်းကိုဘော်ပြ၍ အနှစ်နှစ်ဆယ်အလွန်သောသူတို့၏နာမည်ပေါင်းကို မှတ်သဖြင့်၊

19. ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း၊ သိနာတော၌ ဣသရေလအမျိုးသားတို့ကိုရေတွက်လေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 1