အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 1 Judson Bible (BJB)

1. ဣသရေလအမျိုးသားတို့သည်၊ အဲဂုတ္တုပြည်မှထွက်၍ ဒုတိယနှစ်၊ ဒုတိယလ၊ ပဌမနေ့၌ သိနာတောတွင် ပရိသတ်စည်းဝေးရာတဲတော်မှာ ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊

2. သင်နှင့် အာရုန်သည် ဣသရေလအမျိုးသားပရိသတ်တို့တွင်၊ အသက်နှစ်ဆယ်လွန်၍၊

3. စစ်တိုက်နိုင်သောယောက်ျားအပေါင်းတို့ကို သူတို့အဆွေအမျိုး အသီးသီးအလိုက်စာရင်းယူလျက်၊ တပ်ခင်းကျင်း၍ရေတွက်လော့။

4. အမျိုးအနွယ်အသီးသီး တမျိုးတယောက်စီ မိမိတို့အဆွေအမျိုး၌ သူကြီးဖြစ်သောလူတို့သည် သင်တို့နှင့်အတူကူညီ၍ အမှုကိုဆောင်ရကြမည်။

5. သင်တို့နှင့်အတူကူညီ၍ အမှုကိုဆောင်ရသောသူဟူမူကား၊ ရုဗင်အမျိုး၊ ရှေဒုရသားဧလိဇုရ။

6. ရှိမောင်အမျိုး၊ ဇုရိရှဒ္ဒဲသားရှေလုမျေလ။

7. ယုဒအမျိုး၊ အမိနဒပ်သားနာရှုန်။

8. ဣသခါအမျိုး ဇုအာသားနာသနေလ။

9. ဇာဗုလုန်အမျိုး၊ ဟေလုန်သားဧလျာဘ။

10. ယောသပ်သားတွင်၊ ဧဖရိမ်အမျိုး အမိဟုဒ်သားဧလိရှမာ၊ မနာရှေအမျိုး၊ ပေဒါဇုရသားဂါမလျလ။

11. ဗင်္ယာမိန်အမျိုး၊ ဂိဒေါနိသားအဘိဒန်။

12. ဒန်အမျိုး၊ အမိရှဒဲသားအဟေဇာ။

13. အာရှာအမျိုး၊ ဩကရန်သားပါဂျေလ။

14. ဂဒ်အမျိုး၊ ဒွေလသားဧလျာသပ်၊

15. နဿလိအမျိုး၊ ဧနန်သားအဟိရတည်း။

16. ဤသူတို့သည် ပရိသတ်တွင်ကျော်စောသောသူ၊ အဆွေအမျိုး သူကြီးမင်းဖြစ်၍ ဣသရေလအမျိုး၌ လူတထောင်စီအုပ်ရသောသူ ဖြစ်ကြသတည်း။

17. ထိုသို့နာမည်ဖြင့်ရွေးတော်မူသော ထိုသူတို့ကို၊ မောရှေနှင့် အာရုန်သည်ခေါ်၍၊

18. ဒုတိယလ၊ ပဌမနေ့၌ ပရိသတ်အပေါင်းကိုစည်းဝေးစေပြီးမှ၊ အဆွေအမျိုးစာရင်းကိုဘော်ပြ၍ အနှစ်နှစ်ဆယ်အလွန်သောသူတို့၏နာမည်ပေါင်းကို မှတ်သဖြင့်၊

19. ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း၊ သိနာတော၌ ဣသရေလအမျိုးသားတို့ကိုရေတွက်လေ၏။

20. ဣသရေလ၏သားဦး၊ ရုဗင်၏အမျိုးသားတို့တွင် အဆွေအမျိုး အသီးအသီးလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊

21. အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း လေးသောင်းခြောက်ထောင်ငါးရာ ရှိကြ၏။

22. ရှိမောင်အမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊

23. အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း ငါးသောင်းကိုးထောင်သုံးရာရှိကြ၏။

24. ဂဒ်အမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊

25. အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောယောက်ျားပေါင်း လေးသောင်းငါးထောင်ခြောက်ရာငါးဆယ် ရှိကြ၏။

26. ယုဒအမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊

27. အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောယောက်ျားပေါင်းခုနစ်သောင်း၊ လေးထောင်ခြောက်ရာရှိကြ၏။

28. ဣသခါအမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးကိုလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊

29. အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောယောက်ျားပေါင်း ငါးသောင်းလေးထောင်လေးရာရှိကြ၏။

30. ဇာဗုလုန်အမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊

31. အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောယောက်ျားပေါင်း ငါးသောင်းနှစ်ထောင်လေးရာရှိကြ၏။

32. ယောသပ်မှဆင်းသက်သော ဧဖရိမ်အမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊

33. အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောယောက်ျားပေါင်း လေးသောင်းငါးရာ ရှိကြ၏။

34. မနာရှေအမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊

35. အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောယောက်ျားပေါင်း သုံးသောင်းနှစ်ထောင်နှစ်ရာရှိကြ၏။

36. ဗင်္ယာမိန်အမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊

37. အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောယောက်ျားပေါင်း သုံးသောင်းငါးထောင်လေးရာရှိကြ၏။

38. ဒန်အမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊

39. အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောယောက်ျားပေါင်း ခြောက်သောင်းနှစ်ထောင်ခုနစ်ရာရှိကြ၏။

40. အာရှာအမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊

41. အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောယောက်ျားပေါင်း လေးသောင်းတထောင်ငါးရာရှိကြ၏။

42. နဿလိအမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊

43. အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောယောက်ျားပေါင်း ငါးသောင်းသုံးထောင်လေးရာရှိကြ၏။

44. ထိုသို့မောရှေနှင့် အာရုန်အစရှိသောဣသရေလအမျိုး၌ အဆွေအမျိုးသူကြီးဖြစ်သော မင်းဆယ်နှစ်ပါးတို့သည်

45. ဣသရေလအမျိုးသားအပေါင်းတို့ကို အဆွေအမျိုးအလိုက်ရေတွက်၍ စာရင်းယူသည်အတိုင်း၊

46. အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောလူပေါင်းကား ခြောက်သိန်းသုံးထောင်ငါးရာငါးဆယ်ရှိသတည်း။

47. လေဝိသားတို့သည်၊ ဘိုးဘအမျိုးအလိုက် စာရင်းမဝင်ရသည်အမှုမှာ၊

48. ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား

49. လေဝိသားတို့ကို၊ ဣသရေလအမျိုးသားတို့နှင့် ရောနှော၍မရေတွက်ရ။ စာရင်းထဲ၌မသွင်းရ။

50. လေဝိသားတို့အား သက်သေခံချက်တဲတော်ကို၎င်း၊ တဲတော်တန်ဆာ ရှိသမျှကို၎င်း၊ တဲတော်နှင့်ဆိုင်သမျှတို့ကို၎င်းအပ်၍၊ သူတို့သည် တဲတော်နှင် တဲတော်တန်ဆာအလုံးစုံကို ဆောင်ရွက်ကြရမည်။ တဲတော်မှုကိုလည်း ထမ်းရကြမည်။ တပ်ချသောအခါ တဲတော်ပတ်လည်၌ မိမိတို့နေရာချရကြမည်။

51. တဲတော်ကို ယူသွားချိန်ရောက်သောအခါ၊ လေဝိသားတို့သည်ရုပ်သိမ်းရမည်။ နေရာချချိန်ရောက်သောအခါ ထူထောင်ပြန်ရမည်။ လေဝိအမျိုးသားမှတပါး အခြားသောအမျိုးသားသည်ချဉ်းကပ်လျှင်၊ အသေသတ်ခြင်းကိုခံရမည်။

52. ဣသရေလအမျိုးသားတို့သည် တပ်ချသောအခါ၊ အလုံးအရင်းတရှောက်လုံး၊ လူတိုင်း မိမိဆိုင်သောတပ်တွင် မိမိဆိုင်သောအလံနားမှာ မိမိတဲကိုဆောက်ရမည်။

53. ဣသရေလအမျိုးသားစည်းဝေးရာ၊ ပရိသတ်အပေါ်မှာ အမျက်တော်မသက်ရောက်စေခြင်းငှါ၊ လေဝိသားတို့သည် သက်သေခံချက် တဲတော်ပတ်လည်၌နေရာချ၍ သက်သေခံချက်တဲတော်ကို စောင့်ရှောက်ရမည်ဟု၊

54. မောရှေအား ထာဝရဘုရားမှာထားတော်မူသည်အတိုင်း ဣသရေလအမျိုးသားတို့သည် ပြုကြ၏။