ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဇေဖနိ 3:6-9 Judson Bible (BJB)

6. လူအမျိုးမျိုးတို့ကို ငါပယ်ဖြတ်၍ သူတို့ရဲတိုက် များကို ဖျက်ဆီးလေပြီ။ လမ်းတို့၌ အဘယ်သူမျှ မသွား မလာစေခြင်းငှါ လူဆိတ်ညံစေပြီ။ မြို့တို့ကိုလည်း လူတစုံ တယောက်မျှ မနေစေခြင်းငှါ ဖျက်ဆီးလေပြီ။

7. ထိုအခါ ငါက၊ အကယ်စင်စစ် ဤမျှလောက် ငါဆုံးမပြီးမှ သင်သည် ကိုယ်နေရာကို မပယ်ရှင်းစေခြင်းငှါ၊ ငါ့ကို ကြောက်ရွံ့၍ နည်းခံလိမ့်မည်ဟု ဆိုသော်လည်း၊ သူတို့သည် ကြိုးစား၍ မှားယွင်းသော အကျင့်ကိုသာ ကျင့်ကြ၏။

8. သို့သော်လည်း၊ ထာဝရဘုရား မိန့်တော်မူသည် ကား၊ ဘမ်းဆီးလုယက်ခြင်းငှါ ငါမထမှီတိုင်အောင် ငါ့ကို ငံ့လင့်ကြလော့။ တိုင်းနိုင်ငံပြည်သားအမျိုးမျိုးတို့ကို စုဝေး စေ၍၊ ငါ့အမျက်၊ ငါ့ဒေါသအရှိန်ကို အကုန်အစင် သွန်း လောင်းမည်ဟု ငါအကြံရှိ၏။ ငါ့ဒေါသမီးသည် မြေ တပြင်လုံးကို လောင်ရလိမ့်မည်။

9. အကယ်စင်စစ် လူမျိုးအပေါင်းတို့သည် ထာဝရ ဘုရား၏အမှုတော်ကို တညီတညွတ်တည်း ဆောင်ရွက် မည်အကြောင်း၊ နာမတော်ကို ပဌနာပြုစေခြင်းငှါ သန့် ရှင်းသော ဘာသာစကားကို သူတို့အား ငါပြန်ပေးမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဇေဖနိ 3