ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဇေဖနိ 1:8-18 Judson Bible (BJB)

8. ထာဝရဘုရားပွဲခံတော်မူသော နေ့၌ မင်းများ၊ ဆွေတော်မျိုးတော်များနှင့် ထူးခြားစွာ ဝတ်သောသူများ အပေါင်းတို့ကို ငါစစ်ကြောမည်။

9. သူတပါး၏အိမ်တံခါးခုံကို ကျော်၍ အနိုင်အထက်ပြုခြင်း၊ လှည့်စားခြင်းအားဖြင့်ရသော ဥစ္စာနှင့် မိမိသခင်၏ အိမ်ကို ပြည့်စေသောသူအပေါင်းတို့ကိုလည်း ထိုနေ့၌ ငါစစ်ကြောမည်။

10. ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုနေ့၌ ငါးတံခါးဝမှာ အော်ဟစ်သံကို၎င်း၊ ဒုတိယမြို့၌ ငိုကြွေး မြည်တမ်းသံကိုင်း၊ တောင်ရိုး၌ ပြင်းစွာချိုးဖျက်သံကို၎င်း ကြားရ၏။

11. မတ္တေရှအရပ်သားတို့၊ ငိုကြွေးမြည်တမ်းကြလော့။ ကုန်သည်အပေါင်းတို့သည် ပြတ်ကြပြီ။ ငွေကို ဆောင်သောသူအပေါင်းတို့သည် ဆုံးကြပြီ။

12. ထိုကာလ၌ ငါသည် မီးခွက်ကို ကိုင်၍ ယေရုရှလင်မြို့ကို စစ်ကြောမည်။ ထာဝရဘုရားသည် ကျေးဇူးကို လည်းမပြု၊ အပြစ်ကိုလည်း မပေးဟု အောက်မေ့လျက်၊ မိမိတို့အနည်အဖတ်ပေါ်၌ နေရာကျသော သူတို့ကို ငါစစ်ကြောမည်။

13. ထိုသူတို့၏ဥစ္စာကို သူတပါးလုယူ၍၊ သူတို့၏ နေရာသည် လူဆိတ်ညံလျက် ရှိလိမ့်မည်။ အိမ်ကို ဆောက်သောလည်း မနေရကြ။ စပျစ်ဥယျာဉ်ကို စိုက်သော်လည်း စပျစ်ရည်ကို မသောက်ရကြ။

14. ထာဝရဘုရား၏နေ့ကြီးနီးပြီ။ နီးပြီ။ အလျင်အမြန်လာ၏။ ထာဝရဘုရား၏ နေ့သိတင်းသည် နား၌ ခါး၏။ ထိုနေ့၌ သူရဲသည် အော်ဟစ်လိမ့်မည်။

15. ထိုနေ့သည် အမျက်ထွက်သောနေ့၊ ဆင်းရဲပူပန် ခြင်းကို ခံရသောနေ့၊ သုတ်သင်ပယ်ရှင်းဖျက်ဆီးရာနေ့၊ အလင်းကွယ်၍ မှောင်မိုက်သောနေ့၊ မိုဃ်းအုံ၍ ထူထပ်သောမှောင်မိုက်ဖုံးလွှမ်းသောနေ့၊

16. ခိုင်ခံ့သောမြို့၊ မြင့်သောရဲတိုက်တို့တဘက်၌ တံပိုးမှုတ်၍ ကြွေးကြော်ရာနေ့ဖြစ်၏။

17. သူတို့သည် ထာဝရဘုရားကို ပြစ်မှားသော ကြောင့်၊ သူတို့ကို ငါညှဉ်းဆဲသဖြင့် မျက်စိမမြင်သော သူကဲ့သို့သွားကြလိမ့်မည်။ သူတို့အသွေးကို မြေမှုန့်ကဲ့သို့ သွန်း၍ အသားကိုလည်း မစင်ကဲ့သို့ မှတ်ကြလိမ့်မည်။

18. ထာဝရဘုရား အမျက်ထွက်တော်မူသော နေ့၌ သူတို့ရွှေငွေသည် သူတို့ကို မကယ်တင်နိုင်ရာ။ ဒေါသ အမျက်တော်မီးသည် တပြည်လုံးကို လောင်လိမ့်မည်။ ပြည်သူပြည်သားအပေါင်းတို့ကို အလျင်အမြန် စီရင်၍ အကုန်အစင် သုတ်သင်ပယ်ရှင်းတော်မူလိမ့်မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဇေဖနိ 1