ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဇာ​ခ​ရိ 8:2-6 Judson Bible (BJB)

2. ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား၊ ငါသည် ဇိအုန်တောင်အဘို့ အလွန် စိတ်အားကြီးပြီ။ အလွန်အမျက်ထွက်၍ သူ့အဘို့ စိတ် အားကြီးပြီ။

3. ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား၊ ဇိအုန်တောင်သို့ ငါပြန်လာပြီ။ ယေရု ရှလင်မြို့ထဲမှာ နေမည်။ ယေရုရှလင်မြို့ကို သမ္မာမြို့ဟူ၍ ၎င်း၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ တောင် တော်ကို သန့်ရှင်းသောတောင်ဟူ၍၎င်း သမုတ်ကြလိမ့် မည်။

4. ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုသော ယောက်ျားမိန်းမ၊ အသက်ကြီး ၍ တောင်ဝေးကိုင်သောသူအပေါင်းတို့သည် ယေရုရှလင် မြို့လမ်းတို့၌ နေကြလေဦးမည်။

5. မြို့လမ်းတို့သည်လည်း ကစားသော သူငယ် ယောက်ျားမိန်းမတို့နှင့် အပြည့်ရှိကြလိမ့်မည်။

6. တဖန် မိန့်တော်မူသည်ကား၊ ထိုအမှုသည် ယခု ကာလတွင် ကျန်ကြွင်းသော ဤလူတို့ မျက်မှောက်၌ အံ့ဩဘွယ်ဖြစ်သော်လည်း၊ ငါ့မျက်မှောက်၌ အံ့ဩဘွယ် ဖြစ်ရာသလောဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ ဘုရားမိန့်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဇာ​ခ​ရိ 8