ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဇာ​ခ​ရိ 7:1-7 Judson Bible (BJB)

1. ဒါရိမင်းကြီးနန်းစံလေးနှစ်၊ ခိသလုမည်သော နဝမလလေးရက်နေ့တွင်၊

2. ထာဝရဘုရားရှေ့တော်၌ ဆုတောင်းခြင်းငှါ၎င်း၊

3. နှစ်ပေါင်းများစွာပြုသကဲ့သို့ ပဥ္စမလတွင် ငိုကြွေး၍ ခြိုးခြံစွာ ကျင့်ရပါမည်လောဟု ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရား၏ အိမ်တော်၌ရှိသော ယဇ် ပုရောဟိတ်နှင့် ပရောဖက်တို့အား မေးလျှောက်ခြင်းငှါ ၎င်း၊ ရှရေဇာ၊ ရေဂင်္မေလက်နှင့် သူတို့လူများကို ဘုရား သခင်၏အိမ်တော်သို့ စေလွှတ်ကြသောအခါ၊

4. ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါဇာခရိသို့ ရောက်လာ၍၊

5. ယဇ်ပုရောဟိတ်တို့နှင့် ပြည်သူပြည်သား အပေါင်းတို့အား သင်ဆင့်ဆိုရမည်မှာ၊ အနှစ်ခုနစ်ဆယ် ပတ်လုံး သင်တို့သည် ပဥ္စမလနှင့် သတ္တမလတွင် အစာ ရှောင်၍ ငိုကြွေးမြည်တမ်းသောအခါ၊ အကယ်စင်စစ် ငါ့အလိုရှိသည်အတိုင်း ငါ့အားအစာရှောင်ကြသလော။

6. စားသောက်သောအခါ၌လည်း ကိုယ်အလို အလျောက်စားသောက်ကြသည်မဟုတ်လော။

7. ယေရုရှလင်မြို့မပျက်၊ စည်ပင်၍ ပတ်လည်၌ ရှိသောမြို့ရွာ၊ တောင်မျက်နှာအရပ်နှင့် မြေညီသော အရပ်၌ လူများသေးသောအခါ၊ ရှေးပရောဖက်တို့ဖြင့် ထာဝရဘုရားကြွေးကြော်တော်မူသော အမိန့်တော် ပြည့်စုံပြီမဟုတ်လောဟု မိန့်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဇာ​ခ​ရိ 7