ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဇာ​ခ​ရိ 2:8-13 Judson Bible (BJB)

8. ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင်တို့ကို ဖျက်ဆီးသောလူမျိုးတို့ ရှိရာ သို့ ဘုန်းထင်ရှားပြီးမှ ငါ့ကို စေလွှတ်တော်မူ၏။ သင်တို့ ကို ထိသောသူသည် မျက်ဆန်တော်ကို ထိသောသူဖြစ်၏။

9. သူတို့ကို ငါတိုက်၍ သူတို့၏ ကျွန်များသည် လုယူဖျက်ဆီးကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ငါ့ကို စေလွှတ်တော်မူသည်ကို သင်တို့ သိရကြလိမ့်မည်။

10. အို ဇိအုန်သတို့သမီး၊ သီချင်းဆို၍ ရွှင်လန်း လော့။ ငါလာ၍ သင့်အလယ်၌နေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

11. ထိုကာလ၌ လူမျိုးအများတို့သည် ထာဝရဘုရား ဘက်သို့ ဝင်စား၍ ငါ၏လူဖြစ်ကြလိမ့်မည်။ သင့်အလယ် ၌ ငါနေမည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား သည် ငါ့ကို သင့်ဆီသို့ စေလွှတ်တော်မူသည်ကို သင်သိရ လိမ့်မည်။

12. ထာဝရဘုရားသည် သန့်ရှင်းသော ပြည်၌ မိမိ အဘို့ ယုဒပြည်ကို အမွေခံ၍ တဖန် ယေရုရှလင်မြို့ကို ရွေးချယ်တော်မူလိမ့်မည်။

13. အိုလူသတ္တဝါအပေါင်းတို့၊ ထာဝရဘုရား ရှေ့ တော်၌ ငြိမ်ဝပ်စွာနေကြလော့။ သန့်ရှင်းသော ကျိန်းဝပ် ရာဌာနတော်၌ ထတော်မူပြီ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဇာ​ခ​ရိ 2