ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဇာ​ခ​ရိ 12:11-14 Judson Bible (BJB)

11. မေဂိဒ္ဒေါချိုင့်တွင် ဟာဒဒြိမ္မုန်မြို့မှာ ငိုကြွေးမြည် တမ်းသကဲ့သို့၊ ထိုကာလ၌ ယေရုရှလင်မြို့မှာ ကြီးစွာသော ငိုကြွေးမြည်တမ်းခြင်း ရှိလိမ့်မည်။

12. တပြည်လုံးအမျိုးအနွယ်အသီးအသီးတမျိုး တခြားစီ ငိုကြွေးမြည်တမ်းကြလိမ့်မည်။ ဒါဝိဒ်မင်း၏ အဆွေအမျိုးတခြား၊ သူတို့မိန်းမများတခြား၊ နာသန်၏ အဆွေအမျိုးတခြား၊ သူတို့မိန်းမများတခြား၊

13. လေဝိ၏အဆွေအမျိုးတခြား၊ သူတို့မိန်းမများ တခြား၊ ရှိမိ၏အဆွေအမျိုးတခြား၊ သူတို့မိန်းမများတခြား၊

14. ကျန်ကြွင်းသော အဆွေအမျိုးအပေါင်းတို့သည် တမျိုးတခြားစီ၊ သူတို့မိန်းမများ တစုတခြားစီ ငိုကြွေးမြည် တမ်းကြလိမ့်မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဇာ​ခ​ရိ 12