ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဇာ​ခ​ရိ 11:6-16 Judson Bible (BJB)

6. ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ပြည်သူပြည်သားတို့ကို နောက်တဖန်မသနား၊ မနှမြောဘဲ၊ လူအသီးအသီးတို့ကို အိမ်နီးချင်းလက်သို့၎င်း၊ ရှင်ဘုရင် လက်သို့၎င်း အပ်သဖြင့်၊ သူတို့သည် တပြည်လုံးကို နှိပ် စက်ကြလိမ့်မည်။ သူတို့လက်မှ ငါမကယ်လွှတ်ဘဲ နေမည် ဟု မိန့်တော်မူ၏။

7. ထိုသို့ သတ်ဘို့ရာထားသော သိုးစုတည်းဟူ သော၊ ဆင်းရဲသောသိုးတို့ကို ငါကျွေးမွေးရ၏။ သိုးထိန်း တောင်ဝေးနှစ်စင်းကိုယူ၍၊ တစင်းကို ကျေးဇူးဟူ၍၎င်း၊ တစင်းကို အနှောင်အဖွဲ့ဟူ၍၎င်း ခေါ်ဝေါ်လျက်၊ သိုးစုကို ကျွေးမွေး၏။

8. သိုးထိန်းသုံးယောက်ကိုလည်း တလတွင် ငါပယ် ဖြတ်၏။ သူတို့ကြောင့် ငါ့စိတ်ငြီးငွေ့၏။ သူတို့သည်လည်း ငါ့ကို ရွံရှာကြ၏။

9. နောက်တဖန် သင်တို့ကို ငါမကျွေး။ သေသော အကောင်သည် သေပါလေစေ။ အသတ်ခံရသော အကောင်သည် ခံရပါလေစေ။ ကျန်ကြွင်းသောအကောင် တို့သည် တကောင်ကိုတကောင် စားပါလေစေဟု ငါဆို လျက်၊

10. ခပ်သိမ်းသောလူမျိုးတို့နှင့် အရင်ဖွဲ့သော ပဋိညာဉ်ကို ဖျက်လို၍၊ ကျေးဇူးအမည်ရှိသော ငါ၏ တောင်ဝေးကို ယူ၍ ချိုး၏။

11. ထိုပဋိညာဉ်သည် ထိုနေ့၌ပျက်သောကြောင့်၊ ငါ့ကိုအမှီပြုသော သိုးဆင်းရဲတို့သည် ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နားလည်ကြ၏။

12. တဖန် ငါက၊ ငါရထိုက်သော အခကို ပေးအံ့ သောငှါ၊ သင်တို့သည် အလိုရှိလျှင် ပေးကြလော့။ အလို မရှိလျှင် မပေးကြနှင့်ဟုဆိုသော်၊ သူတို့သည် ငါ့အား အခပေးအံ့သောငှါ ငွေသုံးဆယ်ကို ချိန်ကြ၏။

13. ထာဝရဘုရားကလည်း၊ ထိုငွေကို အိုးထိန်း သမားရှေ့မှာ ပစ်ချလော့။ ငါ့ကို အဘိုပြတ်၍ ငွေများလှ သည်တကားဟု မိန့်တော်မူသည်အတိုင်း၊ ထိုငွေသုံးဆယ် ကို ငါယူ၍ ထာဝရဘုရား၏ဗိမာန်တော်၌ အိုးထိန်း သမားရှေ့မှာ ပစ်ချ၏။

14. ထိုအခါ ယုဒအမျိုးနှင့် ဣသရေလအမျိုးဖွဲ့ သော မိဿဟာယကို ဖျက်လို၍၊ အနှောင်အဖွဲ့အမည်ရှိ သော အခြားတောင်ဝေးကို ငါချိုး၏။

15. တဖန် ထာဝရဘုရားက၊ မိုက်သော သိုးထိန်း၏ တန်ဆာတို့ကို သိမ်းယူလော့။

16. အကြောင်းမူကား၊ ဤပြည်၌ သိုးထိန်းတဦးကို ငါပေါ်ထွန်းစေမည်။ သူသည် အသတ်ခံရသောအကောင် ကို မကြည့်မရှု၊ လမ်းလွဲသောအကောင်ကို မရှာ၊ နာသော အကောင်ကို အနာပျောက်စေခြင်းငှါမပြု၊ ရပ်နေသော အကောင်ကို မမစ၊ ဆူသောအကောင်တို့ကို စားလိမ့် မည်။ သူတို့ ခွာကိုလည်း ချိုးဖဲ့လိမ့်မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဇာ​ခ​ရိ 11