ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 98:1-4 Judson Bible (BJB)

1. ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့။ အံ့ဘွယ်သော အမှုတို့ကို ပြုတော်မူပြီ။ လက်ျာလက်တောနှင့် သန့်ရှင်းသော လက်ရုံးတော်သည် ကိုယ်တော်အဘို့ ကယ်တင်ခြင်း၊ အမှုကို ပြုလေပြီ။

2. ထာဝရဘုရားသည် ကယ်တင်တော်မူခြင်း ကျေးဇူးကို ထင်ရှားစေ၍၊ ဖြောင့်မတ်တော်မူခြင်း တရား ကိုလည်း တပါးအမျိုးသားတို့အား ဘော်ပြတော်မူပြီ။

3. ဣသရေလအမျိုးသားတို့၌ ကရုဏာတော်နှင့် သစ္စာတော်ကို အောက်မေ့တော်မူပြီ။ ငါတို့ဘုရားသခင် ၏ ကယ်တင်တော်မူခြင်းကျေးဇူးကို မြေကြီးစွန်းအပေါင်း တို့သည် မြင်ရကြပြီ။

4. မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရားအား ကြွေးကြော်ကြလော့။ အသံဗလံကို ပြု၍ ရွှင်လန်းစွာ သီချင်းဆိုလျက် ချီးမွမ်းကြလော့။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 98