ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 95:1-6 Judson Bible (BJB)

1. လာကြ။ ထာဝရဘုရားအား ရွှင်လန်းစွာသီချင်း ဆိုကြကုန်အံ့။ ငါတို့သည် ကယ်တင်ခြင်းသို့ရောက်ရာ ကျောက်ကို ကျူးဧကြကုန်အံ့။

2. ကျေးဇူးတော်ကို ချီးမွမ်းလျက် ရှေ့တော်သို့ ဝင်၍၊ ဆာလံသီချင်းဆိုလျက် ကျူးဧသော အသံကို ပြုကြ ကုန်အံ့။

3. ထာဝရဘုရားသည် ကြီးမြတ်သောဘုရား၊ ဘုရားတကာတို့ထက် ကြီးမြတ်သော ဘုရင်ဖြစ်တော်မူ၏။

4. မြေကြီးနက်နဲရာ အရပ်တို့သည် လက်တော် ၌ရှိကြ၏။ တောင်ထိပ်တို့ကိုလည်း ပိုင်တော်မူ၏။

5. ပင်လယ်ကိုလည်းဖန်ဆင်း၍ ပိုင်တော်မူ၏။ ကုန်းကိုလည်း လက်တော်နှင့် ပြုပြင်တော်မူ၏။

6. လာကြ။ ပြပ်ဝပ်၍ ကိုးကွယ်ကြကုန်အံ့။ ငါတို့ကို ဖန်ဆင်းတော်မူသော ထာဝရဘုရား၏ ရှေ့တော်၌ ဒူးထောက်ကြကုန်အံ့။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 95