ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 86:10-17 Judson Bible (BJB)

10. ကိုယ်တော်သည် ကြီးမြတ်၍ အံ့ဩဘွယ်တို့ကို ပြုတော်မူ၏။ ကိုယ်တော်တပါးတည်းသာလျှင် ဘုရား သခင်ဖြစ်တော်မူ၏။

11. အို ထာဝရဘုရား၊ ကိုယ်တော်၏ လမ်းကို အကျွန်ုပ်အား ပြညွှန်တော်မူပါ။ ကိုယ်တော်၏ သမ္မာ တရားလမ်းသို့ လိုက်သွားပါမည်။ နာမတော်ကို ကြောက် ရွံ့မည်အကြောင်း၊ အကျွန်ုပ်၏နှလုံးကို စေ့စပ်စေတော် မူပါ။

12. အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ချီးမွမ်း ၍၊ နာမတော်ကို အစဉ်အမြဲ ချီးမြှောက်ပါမည်။

13. အကျွန်ုပ်ခံရသော ကရုဏာတော်ကြီးလှပါ၏။ အကျွန်ုပ်၏ ဝိညာဉ်ကို မရဏနိုင်ငံ အောက်အရပ်ထဲက ကယ်နှုတ်တော်မူပြီ။

14. အို ဘုရားသခင်၊ မာနကြီးသော သူတို့သည် အကျွန်ုပ်တဘက်၌ ထကြ၍၊ ကြမ်းတမ်းသော လူအစု အဝေးတို့သည် ကိုယ်တော်ကို မျက်မှောက်မပြုဘဲ၊ အကျွန်ုပ်အသက်ကို ရှာကြပါ၏။

15. အို ထာဝရဘုရား၊ ကိုယ်တော်သည် သနား စုံမက်တတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ သည်းခံတတ်သောသဘော၊ ကရုဏာနှင့်သစ္စာ ကြွယ်ဝ သော သဘောနှင့် ပြည့်စုံသောဘုရားဖြစ်တော်မူ၏။

16. အကျွန်ုပ်ကို မျက်နှာပြု၍ ကယ်မသနားတော် မူပါ။ ကိုယ်တော်၏ကျွန်အား တန်ခိုးတော်ကိုပေး၍၊ ကိုယ်တော် ၏ ကျွန်မသားကို ကယ်တင်တော်မူပါ။

17. အကျွန်ုပ်အားကောင်းသော နိမိတ်လက္ခဏာကို ပြတော်မူပါ။ အကျွန်ုပ်ကို မုန်းသောသူတို့သည် မြင်၍ ရှက်ကြောက်ကြပါစေ။ အကြောင်းမူကား၊ အိုထာဝရ ဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို မစ၍ ချမ်းသာ ပေးတော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 86