ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 85:7-10 Judson Bible (BJB)

7. အိုထာဝရဘုရား၊ အကျွန်ုပ်တို့အား ကရုဏာ တော်ကိုပြ၍၊ ကယ်တင်တော်မူခြင်းကျေးဇူးကို ပြုတော် မူပါ။

8. ထာဝရအရှင် ဘုရားသခင်သည် အဘယ်သို့ မိန့်တော်မူမည်ကို ငါနားထောင်မည်။ အကယ်စင်စစ် မိမိလူ၊ မိမိသန့်ရှင်းသူတို့အား ငြိမ်သက်ခြင်းအကြောင်း ကို မိန့်တော်မူလိမ့်မည်။ သို့ရာတွင်၊ နောက်တဖန် မိုက် သော အကျင့်ကို မကျင့်ကြပါစေနှင့်။

9. ငါတို့ပြည်၌ ဘုန်းတော်ကျိန်းဝပ်မည်အကြောင်း၊ ကယ်တင်တော်မူခြင်း ကျေးဇူးသည်၊ ဘုရားသခင်ကို ကြောက်ရွံ့သော သူတို့၏အနီးသို့ ဧကန်အမှန် ရောက် လေပြီ။

10. ကရုဏာနှင့်သစ္စာဆုံမိပြီ။ တရားနှင့်ချမ်းသာ သည် တပါးကို တပါးနမ်းကြပြီ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 85