ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 80:9-19 Judson Bible (BJB)

9. သူ၏နေရာကိုပြုပြင်တော်မူသဖြင့်၊ သူသည် အမြစ်ကျ၍ တပြည်လုံးကို နှံ့ပြားပါ၏။

10. သူ၏အရိပ်သည် တောင်တို့ကို၎င်း၊ အခက် အလက်တို့သည် အမြင့်ဆုံးသော အာရဇ်ပင်တို့ကို၎င်း လွှမ်းမိုးကြပါ၏။

11. သူသည် အခက်အလက်တို့ကို ပင်လယ်တိုင် အောင်၎င်း၊ အညွန့်တို့ကို မြစ်ကြီးတိုင်အောင်၎င်း ပြန့်ပွား စေပါ၏။

12. ယခုမူကား၊ လမ်း၌ ရှောက်သွားသော သူ အပေါင်းတို့သည် ဆွတ်စေခြင်းငှါ၊ သူ၏ခြံကို အဘယ် ကြောင့် ချိုးဖျက်တော်မူသနည်း။

13. တောဝက်သည် ထိုအပင်ကို ကိုက်ခဲ၍၊ တော သားရဲသည်လည်း စားပါ၏။

14. ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်၊ တဖန် ကြွလာတော်မူမည်အကြောင်း တောင်းပန်ပါ၏။ ကောင်း ကင်က ကြည့်ရှုတော်မူပါ။ ထိုစပျစ်နွယ်ပင်ကို အကြည့် အရှုကြွလာတော်မူပါ။

15. လက်ျာလက်တော်နှင့် စိုက်ပျိုးသောအပင်၊ ကိုယ်တော်အဘို့ ခိုင်မာစေတော်မူသော ပျိုးပင်ကို ကွယ်ကာတော်မူပါ။

16. မီးရှို့ပါပြီ။ ခုတ်လှဲပါပြီ။ မျက်နှာတော်ဖြင့် ဆုံးမခြင်းကို ခံရသော သူတို့သည် ပျက်စီးခြင်းသို့ ရောက် ရကြပါ၏။

17. လက်ျာလက်တော်နှင့်ဆိုင်သောလူ၊ ကိုယ်တော် အဘို့ ခိုင်မာစေတော်မူသော လူသား၏အပေါ်မှာ လက်တော်ကိုတင်ပါစေသော။

18. သို့ပြုလျှင် အကျွန်ုပ်တို့သည် ကိုယ်တော်ထံမှ မဆုတ်ရကြပါ။ အကျွန်ုပ်တို့ကို အသက်ရှင်စေတော်မူပါ။ နာမတော်ကို ပဌနာပြုကြပါမည်။

19. ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရ ဘုရား၊ အကျွန်ုပ်တို့ကို ပြောင်းလဲစေ၍၊ မျက်နှာတော် အလင်းကို ပြတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြပါလိမ့်မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 80