ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 68:1-4 Judson Bible (BJB)

1. ဘုရားသခင်ထတော်မူ၍၊ ရန်သူတို့သည် အရပ်ရပ်သို့ ကွဲပြားကြပါစေသော။ ဘုရားသခင်ကို မုန်းသော သူတို့သည် အထံတော်က ပြေးကြပါစေသော။

2. မီးခိုးလွှင့်သကဲ့သို့ သူတို့ကို လွှင့်တော်မူပါ။ ဘယောင်းသည် မီးရှေ့မှာ အရည်ဖြစ်သကဲ့သို့၊ မတရားသော သူတို့သည် ဘုရားသခင့်ရှေ့တော်မှာ ပျက်စီးကြပါစေသော။

3. ဖြောင့်မတ်သော သူတို့သည် ဝမ်းမြောက်၍၊ ဘုရားသခင့်ရှေ့တော်မှာ ရွှင်လန်းသော စိတ်နှင့် အလွန် ဝမ်းမြောက်ဝမ်းသာကြပါစေသော။

4. ဘုရားသခင်အား သီချင်းဆိုကြလော့။ နာမတော်ကို ထောမနာသီချင်းဆိုကြလော့။ တော၌စီး၍ ကြွတော်မူသော အရှင်ဘို့ လမ်းကို ပြင်ကြလော့။ ထိုအရှင်၏ နာမတော်ကား၊ ထာဝရဘုရားတည်း။ ရှေ့တော်၌ ရွှင်လန်းကြလော့။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 68