ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 56:1-7 Judson Bible (BJB)

1. အိုဘုရားသခင်၊ အကျွန်ုပ်ကို သနားတော်မူပါ။ လူတို့သည် ကိုက်စားအံ့သော ဒေါသနှင့်နေ့တိုင်းတိုက်၍ အကျွန်ုပ်ကို နှိပ်စက်ကြပါ ၏။

2. ရန်သူတို့သည် နေ့တိုင်းကိုက်စားအံ့သော ဒေါသ ရှိ၍ မြင့်သောစိတ်နှင့် အကျွန်ုပ်ကို တိုက်သောသူ အများရှိကြပါ၏။

3. အကျွန်ုပ်သည် ကြောက်ရွံ့သောအခါ ကိုယ် တော်၌ ခိုလှုံပါမည်။

4. ဘုရားသခင်ကို အမှီပြု၍ နှုတ်ကပတ်တော်၌ ဝါကြွားပါမည်။ ငါသည် ဘုရားသခင်ကို ခိုလှုံသည်ဖြစ်၍ ကြောက်စရာမရှိ။ လူသည် ငါ၌ အဘယ်သို့ပြုနိုင်သနည်း။

5. သူတို့သည် နေ့တိုင်းငါ့စကားကို အလွဲယူကြ၏။ ငါ၌ မကောင်းသောအကြံကိုသာ ကြံစည်ကြ၏။

6. ငါ့အသက်ကို စောင့်စဉ်အခါစုဝေး၍ ချောင်း မြောင်းလျက်၊ ငါခြေရာတို့ကို ကြည့်မှတ်ကြ၏။

7. သူတို့သည် မတရားသောအမှုအားဖြင့် လွှတ် ခြင်းသို့ ရောက်ရပါမည်လော။ အိုဘုရားသခင်၊ ထိုလူများ တို့ကို အမျက်တော်ထွက်၍ လှဲတော်မူပါ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 56