ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 44:5-10 Judson Bible (BJB)

5. ကိုယ်တော်အားဖြင့် အကျွန်ုပ်တို့သည် ရန်သူ များကို တွန်းချကြပါစေသော။ ရန်ဘက်ပြုသောသူတို့ကို နာမတော်အားဖြင့်နင်းရသော အခွင့်ရှိကြပါစေသော။

6. ကိုယ်၌ပါသောလေးကို အကျွန်ုပ်သည် မကိုး စား။ ကိုယ်ထားသည် အကျွန်ုပ်ကို မကယ်ရပါ။

7. ကိုယ်တော်သာလျှင် အကျွန်ုပ်တို့ကို ရန်သူလက် မှကယ်လွှတ်တော်မူ၏။ အကျွန်ုပ်တို့အား မုန်းသော သူများကိုလည်း အရှက်ကွဲစေတော်မူ၏။

8. အကျွန်ုပ်တို့သည် မခြားမလပ်ဘုရားသခင်၌ ဝါကြွား၍ နာမတော်ကို အစဉ်အမြဲ ချီးမွမ်းကြပါ၏။

9. သို့သော်လည်း၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို စွန့်ပစ်၍ အရှက်ကွဲစေတော်မူပြီး။ အကျွန်ုပ်တို့ ဗိုလ်ခြေ နှင့်အတူ ကြွတော်မမူပါ။

10. အကျွန်ုပ်တို့ကို ရန်သူရှေ့မှာပြန်ပြေးစေ တော်မူ၍၊ မုန်းသောသူတို့သည် အလိုလိုလုယူရကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 44