ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 38:1-10 Judson Bible (BJB)

1. အိုထာဝရဘုရား၊ အမျက်တော်ထွက်၍ အကျွန်ုပ်ကို အပြစ်တင်တော်မမူပါနှင့်။ ပြင်းစွာသော စိတ်တော်ရှိ၍ ဆုံးမတော်မမူပါနှင့်။

2. မြှားတော်တို့သည် အကျွန်ုပ်၌ စုဝေး၍၊ လက်တော်သည် အကျွန်ုပ်ကို နှိပ်လျက်ရှိပါ၏။

3. အမျက်တော်ထွက်သောကြောင့်၊ အကျွန်ုပ် အသားသည် ကျန်းမာခြင်းမရှိပါ။ ဒုစရိုက်အပြစ်ကြောင့် အရိုးများထဲမှာ သက်သာခြင်း မရှိပါ။

4. အကျွန်ုပ်ပြုမိသော ဒုစရိုက်တို့သည် အကျွန်ုပ် ခေါင်းကို လွှမ်းမိုး၍၊ လေးသောဝန်ကဲ့သို့ အကျွန်ုပ်မထမ်း နိုင်အောင် လေးကြပါ၏။

5. အကျွန်ုပ်မိုက်သောအမှုကြောင့် အနာတို့သည် နံစော်၍ ရိယွဲ့လျက်ရှိကြပါ၏။

6. အကျွန်ုပ်သည် ပြင်းထန်စွာခံရ၍၊ အလွန်နှိမ်ချ လျက်၊ ကြမ်းတမ်းသောအဝတ်ကိုဝတ်လျက် တနေ့လုံး သွားရပါ၏။

7. အကျွန်ုပ်ခါးသည် ပူလောင်သောအနာစွဲ၍၊ အသားသည်လည်း ကျန်းမာခြင်းမရှိပါ။

8. နန်နဲခြင်း၊ ကြေကွဲရှိ၍၊ စိတ်နှလုံးလှုပ်ရှားသဖြင့် အော်ဟစ်ရပါသည်။

9. အိုဘုရားရှင်၊ အကျွန်ုပ်အလိုရှိသမျှသည် ရှေ့တော်၌ ထင်ရှားပါ၏။ အကျွန်ုပ်ညည်းတွားခြင်း ကိုလည်း အကြွင်းမဲ့သိတော်မူ၏။

10. အကျွန်ုပ်၏ နှလုံးတုန်လှုပ်၍၊ ခွန်အားလည်း ကုန်ပါပြီ။ မျက်စိအလင်းသည် ကွယ်ပျောက်ပါပြီ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 38