ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 37:30-40 Judson Bible (BJB)

30. ဖြောင့်မတ်သောသူ၏နှုတ်သည် ပညာကို မြွက်ဆိုတတ်၏။ သူ၏လျှာသည်လည်း တရားသော စကားကို ပြောဆိုတတ်၏။

31. ထာဝရဘုရား၏ တရားတော်သည် သူ၏ စိတ်နှလုံးထဲမှာ တည်သည်ဖြစ်၍၊ သူသွားသောအခါ မချော်မလဲရ။

32. မတရားသောသူသည် ဖြောင့်မတ်သောသူကို ချောင်းမြောင်း၍ သတ်ခြင်းငှါ ရှာကြံတတ်၏။

33. သို့သော်လည်း၊ ထာဝရဘုရားသည် ထိုသူ၏ လက်၌ ဖြောင့်မတ်သောသူကို စွန်ပစ်တော်မူမည်မဟုတ်။ အစစ်ခံရသောအခါ အပြစ်စီရင်တော်မူမည်မဟုတ်။

34. ထာဝရဘုရားကို မြော်လင့်၍၊ လမ်းတော်ကို ရှောက်သွားလော့။ ပြည်တော်ကို အမွေခံရသောအခွင့်နှင့် ချီးမြှောက်တော်မူမည်။ မတရားသောသူတို့ ဆုံးရှုံးခြင်းကို သင်သည် ကြည့်မြင်ရလိမ့်မည်။

35. မတရားသောသူသည် အစိုးတရပြု၍၊ ပေါက်ရင် အရပ်မှာကြီးပွားသော သစ်ပင်လန်းလန်းရှိသကဲ့သို့၊ ကိုယ်ကိုကိုယ်ပြန်ပွါးစေသည်ကို ငါမြင်ရသော်လည်း၊

36. နောက်တဖန်သူသည် ရွေ့သွား၍ ကွယ်ပျောက် ၏။ သူ့ကိုလည်း ငါရှာ၍မတွေ့ရ။

37. စုံလင်ခြင်းတရားကိုစောင့်ရှောက်လော့။ ဖြောင့် မတ်ခြင်းတရားကို ကြည့်ရှုဆင်ခြင်လော့။ ထိုသို့ပြုသော သူသည် အဆုံး၌ ငြိမ်သက်ခြင်းကို ခံစားရလိမ့်မည်။

38. ပြစ်မှားသောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ ရောက်၍၊ မတရားသောသူတို့သည် အဆုံး၌ပယ်ရှင်းခြင်းကို ခံရကြလိမ့်မည်။

39. ဖြောင့်မတ်သောသူတို့၏ ကယ်တင်ခြင်းအမှုကို ထာဝရဘုရားစီရင်တော်မူ၏။ ဘေးရောက်သည်ကာလ၌ သူတို့ခိုလှုံရာဖြစ်တော်မူ၏။

40. ထာဝရဘုရားသည် သူတို့ကို မစကယ်တင်တော် မူမည်။ ယုံကြည်ခိုလှုံသောကြောင့်၊ မတရားသောသူတို့ လက်မှ နှုတ်ယူကယ်တင်တော်မူမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 37