ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 35:24-28 Judson Bible (BJB)

24. အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ် တော်သည် ဖြောင့်မတ်တော်မူခြင်းနှင့်အညီ၊ အကျွန်ုပ် အမှုကို ဆုံးဖြတ်တော်မူပါ။ သူတို့သည် အကျွန်ုပ်ကို နိုင်၍ ဝမ်းမမြောက်ကြပါစေနှင့်။

25. အဲ၊ ငါတို့အလိုပြည့်စုံပြီဟု မအောက်မေ့ကြပါစေ နှင့်။ ငါတို့သည် သူ့ကို မျိုပြီဟု၊ မပြောကြပါစေနှင့်။

26. အကျွန်ုပ်၌ဘေးရောက်သည်အကြောင်းကို ဝမ်း မြောက်သောသူအပေါင်းတို့သည် အရှက်ကွဲ၍ မျက်နှာ ပျက်ကြပါစေသော။ အကျွန်ုပ်တဘက်၌ ကိုယ်ကို ချီးမြှောက်တတ်သော သူတို့အပေါ်မှာ အသရေပျက်ခြင်းနှင့် ရှက်ကြောက်ခြင်း သက်ရောက်ပါစေသော။

27. အကျွန်ုပ်၏ ဟုတ်မှန်ခြင်းဘက်၌ နေသောသူတို့ သည် ရွှင်လန်းစွာ သီချင်းဆို၍ ဝမ်းမြောက်ကြပါစေ သော။ မိမိကျွန်၌ ချမ်းသာတိုးပွားခြင်းအကြောင်းကို နှစ်သက်တော်မူသော ထာဝရဘုရားသည် ဘုန်းကြီးတော် မူစေသတည်းဟု၊ သူတို့သည် အစဉ်မပြတ် မြွတ်ဆိုကြပါ စေသော။

28. အကျွန်ုပ်သည်လည်း၊ ကိုယ်တော်၏ ဖြောင့်မတ် တော်မူခြင်း အကြောင်းအရာကို မြွတ်ဆို၍အစဉ်မပြတ် ကိုယ်တော်ကို ချီးမွမ်းပါမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 35