ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 35:1-5 Judson Bible (BJB)

1. အိုထာဝရဘုရား၊ အကျွန်ုပ်၌ဆန့်ကျင်ဘက်ပြု သောသူတို့ကို ဆန့်ကျင်ဘက်ပြုတော်မူပါ။ အကျွန်ုပ်ကို စစ်တိုက်သောသူတို့ကို တိုက်တော်မူပါ။

2. ဒိုင်းလွှားကိုကိုင်၍ အကျွန်ုပ်ကို ကူညီခြင်းငှါ ထတော်မူပါ။

3. အကျွန်ုပ်ကို လိုက်သောသူတို့ရှေ့၌ လှံတော်ကို ရွယ်၍ ဆီးတားတော်မူပါ။ ငါသည် သင်၌ချမ်းသာပေး သော သူပေတည်းဟု အကျွန်ုပ်၏ ဝိညာဉ်အား မိန့်တော် မူပါ။

4. အကျွန်ုပ်အသက်ကို ရှာသောသူတို့သည် အရှက်ကွဲ၍ မျက်နှာပျက်ကြပါစေသော။ အကျွန်ုပ်ကို အန္တရာယ်ပြုမည်ဟု ကြံစည်သောသူတို့သည် လှန်ခြင်းကို ခံရ၍ ရှက်ကြောက်ခြင်းသို့ ရောက်ကြပါစေသော။

5. ထိုသူတို့သည် လေတိုက်သောဖွဲကဲ့သို့ ဖြစ်ကြပါ စေသော။ ထာဝရဘုရား၏ တမန်သည်လည်း သူတို့ကို လှဲပါစေသော။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 35