ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 20:1-5 Judson Bible (BJB)

1. ဘေးအန္တရာယ်ရောက်သောကာလ၌၊ ထာဝရ ဘုရားသည် ကိုယ်တော်စကားကို နားထောင်၍၊ ယာကုပ် ၏ ဘုရားသခင်နာမတော်သည် ချီးမြှောက်တော်မူပါစေ သော။

2. သန့်ရှင်းရာဌာနတော်ထဲက ကူညီ၍၊ ဇိအုန် တောင်ပေါ်က ထောက်ပင့်တော်မူပါစေသော။

3. ကိုယ်တော်၏ ပူဇော်သက္ကာအလုံးစုံတို့ကို အောက်မေ့၍၊ မီးရှို့သောယဇ်ကို လက်ခံတော်မူပါစေ သော။

4. ကိုယ်တော်၏ စိတ်အလိုရှိသည်အတိုင်း ပေး သနား၍၊ အကြံအစည်တော်ရှိသမျှတို့ကို ပြည့်စုံစေခြင်းငှါ ပြုတော်မူပါစေသော။

5. ကိုယ်တော်၏ ကယ်တင်ခြင်း ကြောင့် အကျွန်ုပ် တို့သည် ဝမ်းမြောက်၍၊ အကျွန်ုပ်တို့ ဘုရားသခင်၏ အခွင့်နှင့် အလံကို ထူကြလိမ့်မည်။ ထာဝရဘုရားသည် ကိုယ်တော်ဆုတောင်းသမျှအတိုင်း ကျေးဇူးပြု တော်မူပါ စေသော။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 20