ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 145:6-16 Judson Bible (BJB)

6. သူတို့သည် ကြောက်မတ်ဘွယ်သော အမှုတော် တို့၌ပါသော တန်ခိုးကို မြွက်ဆို၍၊ အကျွန်ုပ်သည်လည်း၊ ကြီးမြတ်တော်မူခြင်းအကြောင်းကို ကြားပြောပါမည်။

7. သူတို့သည် အလွန်ကောင်းမြတ်တော်မူခြင်းကို အောက်မေ့ဘို့ရာ မြွက်ဆို၍၊ ဖြောင့်မတ်တော်မူခြင်း အရာကို ရွှင်လန်းစွာ သီချင်းဆိုကြပါလိမ့်မည်။

8. ထာဝရဘုရားသည် ကျေးဇူးပြုတတ်သော သဘော၊ သနားစုံမက် တတ်သောသဘောနှင့်ပြည့်စုံ၍၊ ခန္တီတော်နှင့်ကရုဏာတော်သည် အလွန်ကြွယ်ဝပါ၏။

9. ထာဝရဘုရားသည် ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုချင်သော သဘောရှိ၍၊ ဖန်ဆင်းတော်မူသမျှ တို့ကို သနားစုံမက်တော်မူ၏။

10. အိုထာဝရဘုရား၊ ဖန်ဆင်းတော်မူသမျှတို့သည် ဂုဏ်တော်တို့ကို ပြ၍၊ ကိုယ်တော်၏ သန့်ရှင်း သူတို့သည် ကောင်းကြီးပေးကြ ပါ၏။

11. နိုင်ငံတော်၏ဘုန်းကို၎င်း၊ တန်ခိုးတော်ကို၎င်း ဟောပြောမြွက်ဆိုသဖြင့်၊

12. တန်ခိုးပါသောအမှုတော်များနှင့် နိုင်ငံတော်၏ ဘုန်းအသရေများကို လူသားတို့အား ဘော်ပြကြပါ၏။

13. ကိုယ်တော်၏နိုင်ငံသည် နိစ္စထာဝရနိုင်ငံဖြစ်၍၊ အာဏာတော် သည်ကာလအစဉ်အဆက် တည်ရပါ၏။ ထာဝရဘုရားသည် လဲသောသူရှိသမျှတို့ကို ထောက်မ တော်မူ၏။

14. နှိမ့်ချသောသူအပေါင်းတို့ကို ကြွပင့်တော်မူ၏။

15. ခပ်သိမ်းသော သတ္တဝါတို့သည် ကိုယ်တော်ကို မျှော်ကြည့်ကြ၍၊ အချိန်တန်မှသူတို့ကို ကျွေးမွေးတော် မူ၏။

16. လက်တော်ကိုဖွင့်၍၊ အသက်ရှင်သောသတ္တဝါ အပေါင်းတို့ကို ရောင့်ရဲစေတော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 145