ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 138:6-8 Judson Bible (BJB)

6. ထာဝရဘုရားသည် မြင့်မြတ်တော်မူသော် လည်း၊ စိတ်နှိမ့်ချသော သူတို့ကို ကြည့်ရှုတော်မူ၏။ စိတ်မြင့်သော သူတို့ကိုကား၊ အဝေးကသိတော်မူ၏။

7. အကျွန်ုပ်သည် ဆင်းရဲဒုက္ခများ၌ ကျင်လည် သော်လည်း၊ ကိုယ်တော်သည် အကျွန်ုပ်ကို အသက်ရှင် စေတော်မူလိမ့်မည်။ လက်တော်ကို ဆန့်လျက်၊ ရန်သူတို့ ၏အမျက်ဒေါသကို ဆီးတား၍၊ လက်ျာလက်တော် အားဖြင့် အကျွန်ုပ်ကို ကယ်တင်တော်မူလိမ့်မည်။

8. ထာဝရဘုရားသည် ငါ၏အမှုကို ပြီးစီးစေတော် မူမည်။ အိုထာဝရဘုရား၊ ကရုဏာတော်သည် အစဉ်အမြဲ တည်ပါသည်ဖြစ်၍၊ ကိုယ်တော်၏ လက်နှင်ပြုစုသော အမှုတို့ကို စွန့်ပစ်တော်မမူပါနှင့်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 138