ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 136:15-21 Judson Bible (BJB)

15. ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ဖာရောမင်းနှင့်ဗိုလ်ခြေများကို ဧဒုံပင်လယ် ထဲ၌ လှဲချတော်မူထသော၊

16. ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ မိမိလူစုကိုတော၌ ပို့ဆောင်တော်မူထသော၊

17. ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ ကြီးသောဘုရင်တို့ကို ဒဏ်ခတ်တော်မူထသော၊

18-20. ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ အာမောရိပြည်ကို အစိုးရသော ရှိဟုန်မင်းကို၎င်း၊ ကရုဏာတော်အစဉ်အမြဲ တည်သည်ဖြစ်၍၊ ဗာရှန်ပြည် ကိုအစိုးရသော ဩဃမင်းကို၎င်း၊ ကရုဏာတော် အစဉ် အမြဲတည်သည်ဖြစ်၍၊ ဘုန်းကြီးသော ဘုရင်များကို၎င်း လုပ်ကြံတော်မူထသော၊

21. ကရုဏာတော် အစဉ်အမြဲတည်သည်ဖြစ်၍၊ သူတို့နေရာမြေကို လွှဲတော်မူထသော၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 136