ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 120:2-6 Judson Bible (BJB)

2. အိုထာဝရဘုရား၊ အကျွန်ုပ်အသက်ကို သစ္စာ မရှိသော နှုတ်မှ၎င်း၊ လှည့်စားတတ်သော လျှာမှ၎င်း ကယ်နှုတ်တော်မူပါ။

3. အိုလှည့်စားတတ်သောလျှာ၊ သင်သည်အဘယ် ကျေးဇူးရှိ သနည်း။ အဘယ်အကျိုးကိုခံရသနည်း။

4. အားကြီးသော သူ၏ ထက်သောမြှားကဲ့သို့၎င်း၊ ရသမ်သစ်သား မီးခဲကဲ့သို့၎င်းဖြစ်၏။

5. ငါသည် မေရှက်ပြည်၌ တည်းခို၍၊ ကေဒါတဲ၌ နေရသည် အရာမှာ အမင်္ဂလာရှိ၏။

6. ငြိမ်သက်ခြင်းကို မုန်းသော သူတို့နှင့်အတူ၊ ငါ့ဝိညာဉ်သည် ကြာမြင့်စွာနေရပါသည်တကား။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 120