ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 119:73-85 Judson Bible (BJB)

73. ကိုယ်တော်၏ လက်တို့သည် အကျွန်ုပ်ကို ဖန်ဆင်း၍၊ ပုံသဏ္ဍာန်ကိုပေးတော်မူပြီ။ ပညတ်တော် တို့ကို အကျွန်ုပ်သင်နိုင်သော ဥာဏ်နှင့် ပြည့်စုံစေ တော်မူပါ။

74. နှုတ်ကပတ်တော်ကို အကျွန်ုပ် မြော်လင့်သော ကြောင့်၊ ကိုယ်တော်ကို ကြောက်ရွံ့သောသူတို့သည် အကျွန်ုပ်ကို မြင်၍ ဝမ်းမြောက်ကြပါလိမ့်မည်။

75. အို ထာဝရဘုရား၊ စီရင်တော်မူချက်တို့သည် ဟုတ်မှန်ကြောင်းကို၎င်း၊ သစ္စာတော်နှင့်အညီ အကျွန်ုပ် ကို ဆင်းရဲစေတော်မူကြောင်းကို၎င်း အကျွန်ုပ်သိပါ၏။

76. ကိုယ်တော်၏ ကျွန်၌ မိန့်တော်မူချက်အတိုင်း၊ ကရုဏာတော်သည် အကျွန်ုပ်ကို ချမ်းသာပေးပါစေသော ဟု ဆုတောင်းပါ၏။

77. ကိုယ်တော်၏ တရားသည် အကျွန်ုပ်မွေ့လျော် ရာဖြစ်ပါ၏။ ထိုကြောင့် အကျွန်ုပ်အသက်ရှင်မည် အကြောင်း၊ သနားစုံမက်တော်မူခြင်းသည် သက်ရောက် ပါစေသော။

78. မာနကြီးသော သူတို့သည် ရှက်ကြောက်ကြပါ စေသော။ အကြောင်းမရှိဘဲ အကျွန်ုပ်၌ မတရားသဖြင့် ပြုကြပါပြီ။ အကျွန်ုပ်မူကား ကိုယ်တော်၏ ဥပဒေသများကို ဆင်ခြင်အောက်မေ့ပါမည်။

79. ကိုယ်တော်ကို ကြောက်ရွံ့သောသူ၊ သက်သေ ခံတော်မူချက်တို့ကို သိသောသူတို့သည် အကျွန်ုပ်ထံသို့ လှည့်ကြပါစေသော။

80. ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်မည် အကြောင်း၊ အကျွန်ုပ်နှလုံးသည် အထုံးအဖွဲ့တော်တို့၌ စုံလင်ပါစေသော။

81. အကျွန်ုပ်၏ ဝိညာဉ်သည် ကယ်တင်တော်မူခြင်း ကျေးဇူးကို တောင့်တလျက်နှင့် ခွန်အားလျော့ပါ၏။ သို့သော်လည်း၊ နှုတ်ကပတ်တော် ကိုမြော်လင့်ပါ၏။

82. အကျွန်ုပ်ကို အဘယ်ကာလမှ ချမ်းသာပေး တော်မူပါမည်နည်းဟူ၍၊ အကျွန်ုပ်မျက်စိတို့သည် ဗျာဒိတ်တော်ကို မြော်လင့်လျက်အားကုန်ပါ၏။

83. မီးခိုး၌ရှိသော သားရေဘူးကဲ့သို့ အကျွန်ုပ်ဖြစ်ပါ ၏။ သို့သော်လည်း၊ အထုံးအဖွဲ့တော်တို့ကို မမေ့မလျော့ပါ။

84. ကိုယ်တော်၏ ကျွန်နေရသော နေ့ရက်ကာလ အဘယ်မျှလောက် ကြာရပါမည်နည်း။ အကျွန်ုပ်ကို ညှဉ်းဆဲသောသူတို့အား၊ အဘယ်ကာလမှ တရားဆုံးဖြတ် တော်မူမည်နည်း။

85. မာနကြီးသောသူ၊ ကိုယ်တော်၏ တရားကို လွန်ကျူးသော သူတို့သည် အကျွန်ုပ်အဘို့တွင်းများကို တူးကြပါပြီ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 119