ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 119:122-132 Judson Bible (BJB)

122. ကိုယ်တော်၏ ကျွန်အဘို့အလိုငှါ အာမခံတော်မူ ပါ။ မာနကြီး သောသူတို့သည် အကျွန်ုပ်ကို မနှိပ်စက်ကြ ပါစေနှင့်။

123. ကယ်တင်တော်မူခြင်းကျေးဇူးကို၎င်း၊ ဖြောင့် မတ်ခြင်းတရားတော်နှင့်ယှဉ်သော ဗျာဒိတ်တော်ကို၎င်း၊ အကျွန်ုပ်မျက်စိသည် မျှော်၍ အားကုန်ပါပြီ။

124. ကရုဏာတော်ရှိသည်အတိုင်း၊ ကိုယ်တော်၏ ကျွန်၌ပြု၍၊ အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူပါ။

125. အကျွန်ုပ်သည် ကိုယ်တော်၏ ကျွန်ဖြစ်ပါ၏။ သက်သေခံတော်မူချက်တို့ကိုနားလည်နိုင်သော ဥာဏ်ကို ပေးသနားတော်မူပါ။

126. အို ထာဝရဘုရား၊ စီရင်တော်မူချိန်ရောက်ပါပြီ။ သူတပါးများတို့သည် တရားတော်ကို ပယ်ကြပါ၏။

127. အကျွန်ုပ်မူကား၊ ပညတ်တော်တို့ကို ရွှေထက် မက၊ ရွှေစင်ထက် သာ၍ နှစ်သက်ပါ၏။

128. သို့ဖြစ်လျှင်၊ ကိုယ်တော်၏ ဥပဒေသအလုံးစုံတို့ သည် ဖြောင့်ကြသည်ဟုထင်မှတ်လျက်၊ မိစ္ဆာလမ်းရှိသမျှတို့ကို မုန်းပါ၏။

129. သက်သေခံတော်မူချက်တို့သည် အံ့ဩဘွယ် ဖြစ်၍၊ အကျွန်ုပ်ဝိညာဉ်သည် စောင့်ရှောက်တတ်ပါ၏။

130. နှုတ်ကပတ်တော်ကို ဖွင့်ပြခြင်းသည် အလင်းကို ပေး၍၊ မလိမ္မာသောသူတို့ကို လိမ္မစေတတ်ပါ၏။

131. ပညတ်တော်တို့ကို အကျွန်ုပ် တောင့်တအားကြီး သဖြင့်၊ နှုတ်ကို ဖွင့်၍ ပန်းတိုက်ပါ၏။

132. နာမတော်ကို ချစ်သော သူတို့၌ ပြုတော်မူတတ် သည်အတိုင်း၊ အကျွန်ုပ်ကို ကြည့်ရှု၍ ကယ်မသနားတော်မူပါ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 119