ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 109:5-14 Judson Bible (BJB)

5. အကျွန်ုပ်ပြုသော ကျေးဇူးအတွက် မကောင်း သောအပြစ်ကို၎င်း၊ အကျွန်ုပ်မေတ္တာအတွက် မုန်းခြင်းကို ၎င်း ဆပ်ပေးကြပါ၏။

6. ထိုသို့သော သူ၏အပေါ်မှာ မတရားသောသူကို ခန့်ထားတော်မူပါ။ သူ၏လက်ျားနားမှာ ရန်သူနေပါစေ။

7. သူသည် တရားစီရင်ခြင်းကို ခံရာတွင်ရှုံးပါစေ။ သူပြုသော ပဌနာသည် ပြစ်မှားခြင်းဖြစ်ပါစေ။

8. သူ၏အသက်တိုပါစေ။ သူ၏အရာကိုလည်း အခြားသူရပါစေ။

9. သူ၏သားတို့သည် ဘသားဆိုး၊ မယားလည်း မုတ်ဆိုးမဖြစ်ပါစေ။

10. သူ၏သားတို့သည် အရပ်ရပ်လည်၍ သူတောင်း စား ဖြစ်ကြပါစေ။ ပျက်စီးသော မိမိတို့နေရာများမှ ထွက်၍၊ အစာကိုရှာကြပါစေ။

11. သူ၌ရှိသမျှကို ကြွေးရှင်သိမ်းယူပါစေ။ သူလုပ် ၍ရသော ဥစ္စာကိုလည်း တပါးအမျိုးသား လုယူပါစေ။

12. သူ၌ကျေးဇူးပြုသောသူ၊ သူ၏ဘသားဆိုး တို့ကို ကယ်မသနားသောသူ တယောက်မျှ မရှိစေနှင့်။

13. သူ၏အနွယ်သည် ပြတ်ပါစေ။ လူမျိုးဆင်းသက် ၍ တဆက်တည်းတွင်၊ သူတို့၏ နာမည်သည် ကျေပျောက် ပါစေ။

14. သူ့ဘိုးဘေးတို့၏ ဒုစရိုက်ကို ထာဝရဘုရား သည် သတိရတော်မူပါစေ။ သူ့အမိ၏ အပြစ်သည် မဖြေပါစေနှင့်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 109