ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 107:25-40 Judson Bible (BJB)

25. အမိန့်တော်ရှိ၍ လေပြင်းမုန်တိုင်းတိုက်သဖြင့်၊ လှိုင်းတံပိုးတို့ကို ထစေ၏။

26. မိုဃ်းကောင်းကင် တိုင်အောင်တက်လျက်၊ နက်နဲရာထဲသို့ ဆင်းလျက် တွေ့သောဘေးကြောင့်၊ သူတို့သည် စိတ်ပျက်ကြ၏။

27. တလည်လည်သွားလျက် ယစ်မူးသော သူကဲ့သို့ တိမ်းယိမ်းလျက်နေ၍ ဥာဏ်တိမ်မြုပ်ခြင်းရှိကြ၏။

28. ဆင်းရဲခံရသောအခါ ထာဝရဘုရားကို အော် ဟစ်၍၊ ဆင်းရဲ ဒုက္ခထဲက ထုတ်ဆောင်တော်မူ၏။

29. လေပြင်းကို ပျောက်စေတော်မူ၍၊ လှိုင်းတံပိုး များလည်း ငြိမ်ဝပ်ကြ၏။

30. ထိုသို့ ငြိမ်ဝပ်သောကြောင့် သူတို့သည် ဝမ်းမြောက်ကြ၏။ အလိုရှိရာ သင်္ဘောဆိပ်သို့ ပို့ဆောင် တော်မူ၏။

31. လူသားတို့၌ ပြုတော်မူသော ကရုဏာနှင့် အံ့ဘွယ်သော အမှုတော်တို့ကို ထောက်၍၊ ထာဝရ ဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေ။

32. လူပရိတ်သတ်၏ အလယ်မှာ ထာဝရဘုရားကို ချီးမြှောက်၍ အသက်ကြီးသူတို့၏ အစည်းအဝေး၌ ချီးမွမ်းကြစေ။

33. မြစ်တို့ကို လွင်ပြင်ဖြစ်စေခြင်းငှါ၎င်း၊ စမ်းရေ ထွက်ရာအရပ်ကိုလည်း သွေ့ခြောက်စေခြင်းငှါ၎င်း ပြုတော်မူ၏။

34. မြေကောင်းသော ပြည်ကို ပြည်သူပြည်သားတို့ ၏ အပြစ်ကြောင့် ဆားမြေဖြစ်စေတော်မူ၏။

35. တဖန်လွင်ပြင်ကို ရေနှင့်ပြည့်စေခြင်းငှါ၎င်း၊ သွေ့ခြောက်သော အရပ်ကိုလည်း စမ်းရေထွက်စေခြင်းငှါ ၎င်း ပြုတော်မူ၏။

36. ထိုအရပ်၌လည်း၊ ငတ်မွတ်သောသူတို့ကို နေရာ ချတော်မူ၍၊ သူတို့သည် မိမိနေစရာဘို့မြို့ကို တည်ကြ၏။

37. လယ်လုပ်လျက်၊ စပျစ်ဥယျာဉ်ကိုလည်း စိုက်ပျိုး လျက်၊ မြေအသီးအနှံတို့ကို ပြုစုကြ၏။

38. ကောင်းကြီးပေးတော်မူ၍၊ သူတို့သည် အလွန် ပွားများကြ၏။ သူတို့သိုးနွားများကိုလည်း လျော့စေတော် မမူ။

39. တဖန်သူတို့သည် လျော့၍ညှဉ်းဆဲခြင်း၊ ငြိုငြင် ခြင်း၊ စိတ်ပူပန်ခြင်းအားဖြင့် နှိမ့်ချလျက်နေရကြ၏။

40. မင်းသားတို့ကို အရှက်ခွဲ၍၊ လမ်းမရှိသော တော အရပ်၌ လည်စေတော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 107