31. အမိန့်တော်ရှိ၍ ယင်ရဲနှင့်ခြင်တို့သည် တပြည် လုံးကို နှံ့ပြား ကြ၏။
32. မိုဃ်းရေအစား မိုဃ်းသီးကို၎င်း၊ သူတို့မြေပေါ် မှာ မီးလျှံကို၎င်း ပေးတော်မူ၏။
33. သူတို့စပျစ်နွယ်ပင်နှင့် သင်္ဘောသဖန်းပင်တို့ကို ထိခိုက်၍၊ တပြည်လုံး၌ရှိသော သစ်ပင်များကို ချိုးတော် မူ၏။
34. အမိန့်တော်ရှိ၍ မရေတွက်နိုင်အောင်၊ အရာ ဘကျိုင်းနှင့် ယာလက်ကျိုင်းတို့သည် လာ၍၊
35. သူတို့ပြည်မှာ ဟင်းသီးဟင်းရွက်ရှိသမျှတို့ကို၎င်း၊ မြေဩဇာ အသီးအနှံတို့ကို၎င်းကိုက်စားကြ၏။
36. သူတို့အစွမ်းသတ္တိ အထွဋ်အမြတ်တည်းဟူသော သူတို့ပြည်မှာ သားဦးအပေါင်းတို့ကို ဒဏ်ခတ်တော်မူ၏။
37. မိမိလူတို့ကို ရွှေငွေပါလျက် ထုတ်ဆောင်တော် မူ၍၊ သူတို့အစုစု၌ အားနည်းသော သူတယောက်မျှမရှိ။
38. အဲဂုတ္တုပြည်သည် သူတို့ကို ကြောက်သော ကြောင့်၊ သူတို့သည် ထွက်သွားသောအခါ တပြည်လုံး ဝမ်းမြောက်၏။
39. သူတို့အပေါ်မှာ မိုဃ်းတိမ်ကိုဖြန့်မိုး၍၊ ညဉ့်အခါ လင်းစရာဘို့ မီးကိုပေးတော်မူ၏။
40. သူတို့သည် တောင်းသောအခါ ငုံးများကို ဆောင်ခဲ့တော်မူ၍၊ သူတို့ကို ကောင်းကင်မုန့်နှင့် ရောင့်ရဲ စေတော်မူ၏။