ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 101:3-8 Judson Bible (BJB)

3. အဓမ္မအမှုအရာကို မျက်မှောက်မပြုပါ။ လမ်းလွှဲသော သူ၏ အမှုကို ရွံရှာသည်ဖြစ်၍၊ ငါ၌ မမှီမကပ်ရ။

4. သဘောကောက်သော သူသည် ငါ့ထံမှ ထွက်သွားရမည်။ မကောင်းသောသူနှင့် ငါမပေါင်းဘော်။

5. မိမိအိမ်နီးချင်း၏ အသရေကို တိတ်ဆိတ်စွာ ဖျက်သောသူကို ငါပယ်ဖြတ်မည်။ မျက်နှာထောင်လွှား၍ စိတ်မြင့်သောသူကို သည်းမခံ။

6. သစ္စာရှိသော ပြည်သားတို့ သည် ငါ့ထံမှာ နေမည်အကြောင်း သူတို့ကို ငါကြည့်ရှုမည်။ စုံလင်သောတရား၌ ကျင်လည်သောသူသည် ငါ၏ အမှုကို ဆောင်ရွက်ရမည်။

7. လှည့်စားတတ်သောသူမူကား၊ ငါ့အိမ်၌ မနေရ။ မုသာစကားကို ပြောတတ်သော သူသည်လည်း၊ ငါ့မျက်မှောက်၌ အခွင့်မရှိရ။

8. ဆိုးသောအမှုကို ပြုသောသူအပေါင်းတို့ကို ထာဝရဘုရား၏ မြို့တော်မှ ပယ်ဖြတ်မည်အကြောင်း၊ မတရားသော ပြည်သားရှိသမျှတို့ကို စောစောဖျက်ဆီး လေအံ့သတည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 101