ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ကမ္ဘာ​ဦး 5:22-32 Judson Bible (BJB)

22. မသုရှလဘွားမြင်သောနောက် ဧနောက်သည် အနှစ်သုံးရာပတ်လုံး ဘုရားသခင်နှင့်အတူသွားလာ၍ သားသမီးများကို မြင်လေ၏။

23. ဧနောက်အသက်နှစ်ပေါင်းသုံးရာခြောက်ဆယ်ငါးနှစ်တည်း၊

24. ဧနောက်သည် ဘုရားသခင်နှင့်အတူ သွားလာ၏။ နောက်တဖန် သူသည်မရှိ။ အကြောင်းမူကား၊ ဘုရားသခင် သိမ်းယူတော်မူသောကြောင့်တည်း။

25. မသုရှလသည် အသက်တရာ့ရှစ်ဆယ်ခုနစ်နှစ်ရှိသော်၊ သား လာမက်ကို မြင်လေ၏။

26. လာမက်ဘွားမြင်သောနောက်၊ မသုရှလသည် အနှစ်ခုနစ်ရာ ရှစ်ဆယ်နှစ်နှစ်အသက်ရှင်၍ သားသမီးများကို မြင်လေ၏။

27. မသုရှလသည် အသက်နှစ်ပေါင်းကိုးရာ ခြောက်ဆယ်ကိုးနှစ်စေ့သော် သေလေ၏။

28. လာမက်သည် အသက်တရာရှစ်ဆယ်နှစ်နှစ်ရှိသော် သားကို မြင်၍၊

29. ဤသူသည်ကား၊ ထာဝရဘုရားကျိန်တော်မူသော မြေ၌လုပ်၍ ပင်ပန်းစွာ ခံရသောငါတို့အား သက်သာစေသောသူဖြစ်လိမ့်မည်ဟူ၍ သူ့ကို နောဧဟူသော အမည်ဖြင့် မှည့်လေ၏။

30. နောဧဘွားမြင်သောနောက်၊ လာမက်သည် အနှစ်ငါးရာကိုးဆယ်ငါးနှစ်အသက်ရှင်၍ သားသမီးများကို မြင်လေ၏။

31. လာမက်သည် အသက်နှစ်ပေါင်း ခုနစ်ရာခုနစ်ဆယ်ခုနစ်နှစ် စေ့သော်သေလေ၏။

32. နောဧသည် အသက်ငါးရာရှိ၏။ နောဧသားကား ၊ ရှေးမ၊ ဟာမ၊ ယာဖက်တည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ကမ္ဘာ​ဦး 5