ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ကမ္ဘာ​ဦး 5:2-15 Judson Bible (BJB)

2. လူယောက်ျားလူမိန်းမကို ဖန်ဆင်း၍၊ ကောင်းကြီးပေးတော်မူ၏။ ဖန်ဆင်းသောနေ့၌လည်း သူတို့ကို အာဒံအမည်ဖြင့် မှည့်တော်မူ၏။

3. အာဒံသည် အသက်တရာ့သုံးဆယ်ရှိသော်၊ မိမိ ပုံသဏ္ဍာန်နှင့်အညီ သဏ္ဍာန်တည်းသားကိုမြင်ရ၍ ရှေသအမည်ဖြင့် မှည့်လေ၏။

4. ရှေသကို ဘွားမြင်သောနောက် အာဒံသည် အနှစ်ရှစ်ရာအသက်ရှင်၍၊ သားသမီးများကိုမြင်လေ၏။

5. အာဒံသည် အသက်နှစ်ပေါင်း ကိုးရာသုံးဆယ်စေ့သော် သေလေ၏။

6. ရှေသသည် အသက်တရာငါးနှစ်ရှိသော်၊ သားဧနုတ်ကို မြင်လေ၏။

7. ဧနုတ်ဘွားမြင်သောနောက်၊ ရှေသသည် အနှစ်ရှစ်ရာခုနစ်နှစ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။

8. ရှေလသည် အသက်နှစ်ပေါင်းကိုးရာတဆယ်နှစ်နှစ်စေ့သော် သေလေ၏။

9. ဧနုတ်သည် အသက်ကိုးဆယ်ရှိသော်၊ သားကာဣနန်ကို မြင်လေ၏။

10. ကာဣနန်ဘွားမြင်သောနောက်၊ ဧနုတ်သည် အနှစ်ရှစ်ရာတဆယ်ငါးနှစ်အသက်ရှင်၍ သားသမီးများကို မြင်လေ၏။

11. ဧနုတ်သည် အသက်နှစ်ပေါင်းကိုးရာငါးနှစ်စေ့သော်သေလေ၏။

12. ကာဣနန်သည် အသက်ခုနစ်ဆယ်ရှိသော်၊ သားမဟာလေလကို မြင်လေ၏။

13. မဟာလေလဘွားမြင်သောနောက်၊ ကာဣနန်သည် အနှစ်ရှစ်ရာလေးဆယ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။

14. ကာဣနန်သည် အသက်နှစ်ပေါင်းကိုးရာတဆယ်စေ့သော် သေလေ၏။

15. မဟာလေလသည် အသက်ခြောက်ဆယ့်ငါးနှစ်ရှိသော်၊ သားယာရက်ကို မြင်လေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ကမ္ဘာ​ဦး 5