ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ကမ္ဘာ​ဦး 46:25-34 Judson Bible (BJB)

25. ဤသူတို့ကား၊ လာဗန်သည် သမီးရာခေလအားလက်ဖွဲ့သော ယာကုပ်မယား ဗိလဟာဘွားသောသားတည်း။ ပေါင်းခုနစ်။

26. ယာကုပ်ချွေးမများကိုမဆိုဘဲ၊ ယာကုပ်မှဆင်းသက်၍၊ သူနှင့်အတူ အဲဂုတ္တုပြည်သို့သွားသော လူပေါင်းကား၊ ခြောက်ဆယ်ခြောက်ယောက်တည်း။

27. အဲဂုတ္တုပြည်၌ ယောသပ်ရနှင့်သောသားနှစ်ယောက်ရှိ၏။ သို့ဖြစ်၍ အဲဂုတ္တုပြည်သို့ရောက်သောယာကုပ်၏အမျိုးသားအပေါင်းကား ခုနစ်ဆယ်တည်း။

28. ယောသပ်ထံသို့ ဂေါရှင်ပြည်ကိုသွားစေခြင်းငှါ ယုဒကိုအရင်စေလွှတ်ပြီးမှ ဂေါရှင်ပြည်သို့ရောက်ကြ၏။

29. ယောသပ်သည်ရထားကိုပြင်၍ အဘဣသရေလကို ခရီးဦးကြိုပြုခြင်းငှါ ဂေါရှင်ပြည်သို့သွား၍ အဘရှေ့သို့ရောက်သော်၊ အဘ၏လည်ပင်းကို ဘက်လျက် ကြာကြာငိုလေ၏။

30. ဣသရေလကလည်း၊ ယခုငါသေပါစေသော။ သင်၏မျက်နှာကိုငါမြင်ရပြီ။ သင်သည် အသက်ရှင်သေး၏ဟု ယောသပ်အားဆိုလေ၏။

31. ယောသပ်ကလည်း၊ ဖာရောမင်းထံသို့ ကျွန်ုပ်သွားဦးမည်။ ခါနာန်ပြည်၌နေသော ကျွန်တော်အစ်ကိုများ၊ ကျွန်တော်အဘ၏ အိမ်သားများတို့သည် ကျွန်တော်ထံသို့ ရောက်ကြပါပြီ။

32. ထိုသူတို့သည် သိုးထိန်းဖြစ်ပါ၏။ သိုးနွားတို့ကိုမွေးသောသူဖြစ်ပါ၏။ သူတို့သိုးနွားမှစ၍ရှိသမျှတို့ကို ဆောင်ခဲ့ကြပါပြီဟုလျှောက်မည်။

33. နောက်တခါ သင်တို့ကိုဖာရောမင်းခေါ်၍ သင်တို့သည် အဘယ်သို့ လုပ်ဆောင်တတ်သနည်းဟု မေးတော်မူလျှင်၊

34. ကိုယ်တော်ကျွန်တော်တို့သည် ဘိုးဘေးနှင့်တကွ၊ ငယ်သောအရွယ်မှစ၍ ယခုတိုင်အောင် သိုးနွားတို့ကိုမွေးသောသူဖြစ်ကြပါ၏ဟု လျှောက်ရမည်။ သို့ဖြစ်၍ ဂေါရှင်ပြည်မှာနေသောအခွင့်ကို ရကြလိမ့်မည်။ သိုးထိန်းဖြစ်သောသူကို အဲဂုတ္တုလူတို့သည် ရွံရှာတတ်ကြ၏ဟု အစ်ကိုများ၊ အဘ၏အိမ်သားများတို့ကို ပြောဆို၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ကမ္ဘာ​ဦး 46