21. ဗင်္ယာမိန်သား။ ဗေလ၊ ဗေခါ၊ အာရှဗေလ၊ ဂေရ၊ နေမန်၊ ဧဟိ၊ ရောရှ၊ မုပိမ်၊ ဟုပိမ်၊ အာရဒ။
22. ဤသူတို့ကား၊ ယာကုပ်မယားရာခေလဘွားသောသားတည်း။ ပေါင်းတဆယ်လေး။
23. ဒန်သား။ ဟုရှိမ်။
24. နဿလိသား။ ယာဗေလ၊ ဂုနိ၊ ယေဇာ၊ ရှိလင်။
25. ဤသူတို့ကား၊ လာဗန်သည် သမီးရာခေလအားလက်ဖွဲ့သော ယာကုပ်မယား ဗိလဟာဘွားသောသားတည်း။ ပေါင်းခုနစ်။
26. ယာကုပ်ချွေးမများကိုမဆိုဘဲ၊ ယာကုပ်မှဆင်းသက်၍၊ သူနှင့်အတူ အဲဂုတ္တုပြည်သို့သွားသော လူပေါင်းကား၊ ခြောက်ဆယ်ခြောက်ယောက်တည်း။
27. အဲဂုတ္တုပြည်၌ ယောသပ်ရနှင့်သောသားနှစ်ယောက်ရှိ၏။ သို့ဖြစ်၍ အဲဂုတ္တုပြည်သို့ရောက်သောယာကုပ်၏အမျိုးသားအပေါင်းကား ခုနစ်ဆယ်တည်း။
28. ယောသပ်ထံသို့ ဂေါရှင်ပြည်ကိုသွားစေခြင်းငှါ ယုဒကိုအရင်စေလွှတ်ပြီးမှ ဂေါရှင်ပြည်သို့ရောက်ကြ၏။