ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ကမ္ဘာ​ဦး 41:9-21 Judson Bible (BJB)

9. ထိုအခါဖလားတော်ဝန်က၊ ကျွန်တော်သည်ကိုယ်အပြစ်ကို ယနေ့အောက်မေ့ပါ၏။

10. ဖာရောဘုရင်သည် ကျွန်တော်နှင့် စားတော်ဝန်ကိုအမျက်ထွက်၍ ကိုယ်ရံတော်မှူးအိမ်၌ ချုပ်ထားတော်မူသောအခါ၊

11. ကျွန်တော်တို့နှစ်ယောက်သည် အသီးအသီး မိမိတို့ကိုယ်စီဆိုင်သော အနက်နှင့်ပြည့်စုံသောအိပ်မက်ကို တညဉ့်ခြင်းတွင် မြင်မက်ကြပါ၏။

12. ကျွန်တော်တို့၌ကိုယ်ရံတော်မှူး၏ကျွန် ဟေဗြဲလုလင်တယောက်ရှိ၏။ ထိုသူအားကျွန်တော်တို့သည် ကြားပြော၍ သူသည်အိပ်မက်၏အနက်ကို ဘတ်ပါ၏။ တယောက်စီမြင်မက်သည်အတိုင်း ဘတ်ပါ၏။

13. ဘတ်သည်အတိုင်းလည်းမှန်ပါ၏။ ကျွန်တော်သည် အရင်အရာကိုရပြန်၍၊ စားတော်ဝန်မူကား၊ ဆွဲထားခြင်းကိုခံရပါသည်ဟု လျှောက်လေ၏။

14. ထိုအခါဖာရောမင်းသည်လူကိုစေလွှတ်၍ ယောသပ်ကို ခေါ်တော်မူ၏။ ယောသပ်သည် ထောင်ထဲကအလျင်အမြန်ထွက်ရ၍၊ မုတ်ဆိတ်ညှပ်ခြင်း၊ အဝတ် လဲခြင်းကိုပြုပြီးမှ အထံတော်သို့ဝင်ရ၏။

15. ဖာရောမင်းကလည်း၊ ငါသည်အိပ်မက်ကိုမြင်မက်ပြီ။ အနက်ကို အဘယ်သူမျှမဘတ်နိုင်။ သင်သည် အိပ်မက်ကို နားလည်သောဥာဏ်နှင့် အနက်ဘတ်နိုင်သည်ကို ငါကြားရပြီဟုဆို၏။

16. ယောသပ်ကလည်း၊ ကျွန်တော်သည် အလိုအလျောက်မတတ်နိုင်ပါ။ ဘုရားသခင်သည် မင်္ဂလာအဖြေစကားကို ဖာရောဘုရင်အားပေးတော်မူပါစေသောဟု လျှောက်လေ၏။

17. ဖာရောမင်းကလည်း၊ ငါမြင်မက်သည်မှာ၊ မြစ်နား၌ငါရပ်နေ၏။

18. အဆင်းလှ၍ဝသော နွားခုနစ်ကောင်တို့သည် မြစ်ထဲကထွက်၍၊ မြစ်နားမှာပေါက်သော မြက်ပင်ကိုစားလျက် နေကြ၏။

19. ထိုနွားတို့နောက်မှ၊ အဆင်းမလှ ပိန်ကြုံသောနွားခုနစ်ကောင်တို့သည် ထွက်လာကြ၏။ ထိုမျှလောက် အရုပ်ဆိုးသောနွားတို့ကို အဲဂုတ္တုပြည်တရှောက်လုံးတွင် တခါမျှမမြင်ရစဖူး။

20. အဆင်းမလှပိန်သောနွားတို့သည်၊ ဝသောအရင်နွားခုနစ်ကောင်တို့ကို ကိုက်စားကြ၏။

21. စားပြီးသောနောက်၊ စားမှန်းကို အဘယ်သူမျှမသိရ။ အရင်ကဲ့သို့ အရုပ်ဆိုးသေး၏။ ငါလည်းနိုး၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ကမ္ဘာ​ဦး 41