ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ကမ္ဘာ​ဦး 41:52-57 Judson Bible (BJB)

52. နောက်ရသောသားကိုကား၊ ဧဖရိမ်အမည်ဖြင့်မှည့်လေ၏။ အကြောင်းမူကား၊ ဘုရားသခင်သည်ငါဆင်းရဲခံရသောပြည်၌ ငါ့ကိုပွါးများစေတော်မူပြီဟု ဆိုသတည်း။

53. ထိုနောက် အဲဂုတ္တုပြည်၌ဝပြောသောနှစ် ခုနစ်နှစ်ကုန်လေ၏။

54. ယောသပ်ပြောသည်အတိုင်း အစာခေါင်းပါးသောနှစ်တို့သည် ရောက်စရှိ၏။ ထိုအခါ ခပ်သိမ်းသောပြည်တို့၌ အစာခေါင်းပါးခြင်းရှိသော်လည်း အဲဂုတ္တုပြည်၌ ဆန်စပါးရှိသေး၏။

55. နောက်တဖန် အဲဂုတ္တုပြည်သူပြည်သားအပေါင်းတို့သည် မွတ်သိပ်သောအခါ စားစရာကိုရပါမည်အကြောင်း ဖာရောမင်းထံ၌ကြွေးကြော်ကြ၏။ ဖာရောမင်းကလည်း၊ ယောသပ်ထံသို့သွားကြ၊ သူစီရင်သည်အတိုင်းပြုကြဟု အဲဂုတ္တုပြည်သူပြည်သား အပေါင်းတို့ကို မိန့်တော်မူ၏။

56. မြေပြင်တရှောက်လုံး၌ အစာခေါင်းပါးသောအခါ၊ ယောသပ်သည် စပါးကျီရှိသမျှတို့ကိုဖွင့်၍ အဲဂုတ္တုလူတို့အား ရောင်းလေ၏။ ထိုအခါ အဲဂုတ္တုပြည်၌ အစဉ်အတိုင်း အစာခေါင်းပါးသတည်း။

57. ခပ်သိမ်းသောပြည်တို့၌လည်း အလွန်အစာခေါင်းပါးသောကြောင့်၊ အသီးသီးသောပြည်သားတို့သည် စပါးကိုဝယ်ခြင်းငှါ အဲဂုတ္တုပြည်ယောသပ်ထံသို့ လာ ရောက်ကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ကမ္ဘာ​ဦး 41