27. ထိုနွားတို့နောက်ထွက်လာသောနွား၊ ပိန်၍အရုပ်ဆိုးသော နွားခုနစ်ကောင်တို့သည် ခုနစ်နှစ်ဖြစ်ပါ၏။ အရှေ့လေဖြင့်ပျက်သော စပါးဖျင်း ခုနစ်နှံတို့သည်လည်း၊ အစာခေါင်းပါးသော ခုနစ်နှစ်ဖြစ်ပါ၏။
28. ဖာရောဘုရင်အား ကျွန်တော်လျှောက်လိုသောအရာဟူမူကား၊ ဘုရားသခင်ပြုလတံ့သောအမှုကို ဖာရောဘုရင်အားပြတော်မူ၏။
29. အဲဂုတ္တုပြည်တရှောက်လုံးတွင် ဝပြောသောနှစ်ခုနစ်နှစ်ရှိလိမ့်မည်။
30. ထိုနောက်မှ အစာခေါင်းပါးသောနှစ် ခုနစ်နှစ်ပေါ်လာ၍၊ အဲဂုတ္တုပြည်၌အလုံးစုံသောဝပြောခြင်းသည် တိမ်မြုပ်လျက် အစာခေါင်းပါးခြင်းအားဖြင့် တပြည်လုံးပျက်စီးလိမ့်မည်။
31. အစာခေါင်းပါးခြင်းသည် အလွန်အားကြီးသောကြောင့်၊ အရင်ဝပြောခြင်း၏ လက္ခဏာမထင်ရ။
32. ဖာရောဘုရင်သည် ထပ်၍အိပ်မက်မြင်ရသည်အရာမှာ၊ ထိုအမှုကို ဘုရားသခင် မြဲမြံခိုင်ခံ့စေ၍ အလျင်အမြန်စီရင်တော်မူလိမ့်မည်။
33. သို့ဖြစ်၍ ဖာရောဘုရင်သည် ဥာဏ်ပညာနှင့်ပြည့်စုံသောသူကို ရွေးချယ်၍ အဲဂုတ္တုပြည်ကို အုပ်စိုးစေတော်မူပါ။
34. ခန့်ထားတော်မူသောသူသည်လည်း တပြည်လုံး၌ အကြီးအကြပ်တို့ကို ခန့်ထား၍၊ ဝပြောသောနှစ် ခုနစ်နှစ်ပတ်လုံး တပြည်လုံးတွင် ငါးဘို့တဘို့ကောက်ယူကြပါစေ။
35. ထိုသူတို့သည်ဖြစ်လတံ့သော မင်္ဂလာနှစ်တို့တွင် ရိက္ခာရှိသမျှကိုစုရုံး၍ ဖာရောဘုရင်ထံတော်၌ စပါးများကိုဆည်းဘူးကြပါစေ။ မြို့များ၌လည်း ရိက္ခာကို သိုထားကြပါစေ။
36. သို့ဖြစ်၍ အဲဂုတ္တုပြည်၌အစာခေါင်းပါးသောနှစ် ခုနစ်နှစ်ရောက်သောအခါ၊ ပြည်သူပြည်သားစားစရာဘို့ သိုထားလျက်ရှိနှင့်၍ အစာခေါင်းပါးသောကာလတွင် ပြည်တော်မပျက်ရဟု ဖာရောမင်းအားလျှောက်လေ၏။
37. ထိုသို့ယောသပ်လျှောက်သောစကားကို ဖာရောမင်းအစရှိသော ကျွန်တော်မျိုးအပေါင်းတို့သည် နှစ်သက်ကြ၍၊