ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ကမ္ဘာ​ဦး 41:17-23 Judson Bible (BJB)

17. ဖာရောမင်းကလည်း၊ ငါမြင်မက်သည်မှာ၊ မြစ်နား၌ငါရပ်နေ၏။

18. အဆင်းလှ၍ဝသော နွားခုနစ်ကောင်တို့သည် မြစ်ထဲကထွက်၍၊ မြစ်နားမှာပေါက်သော မြက်ပင်ကိုစားလျက် နေကြ၏။

19. ထိုနွားတို့နောက်မှ၊ အဆင်းမလှ ပိန်ကြုံသောနွားခုနစ်ကောင်တို့သည် ထွက်လာကြ၏။ ထိုမျှလောက် အရုပ်ဆိုးသောနွားတို့ကို အဲဂုတ္တုပြည်တရှောက်လုံးတွင် တခါမျှမမြင်ရစဖူး။

20. အဆင်းမလှပိန်သောနွားတို့သည်၊ ဝသောအရင်နွားခုနစ်ကောင်တို့ကို ကိုက်စားကြ၏။

21. စားပြီးသောနောက်၊ စားမှန်းကို အဘယ်သူမျှမသိရ။ အရင်ကဲ့သို့ အရုပ်ဆိုးသေး၏။ ငါလည်းနိုး၏။

22. တဖန်ငါမြင်မက်ပြန်သည်ကား၊ အလုံးကြီး၍ ကောင်းသော စပါးခုနစ်နှံတို့သည် စပါးတပင်တည်း၌ဖြစ်ကြ၏။

23. ထိုနောက်မှ ညှိုးနွမ်းလျက်အလုံးသေး၍ အရှေ့လေဖြင့်ပျက်သော စပါးခုနစ်နှံတို့သည် ပေါက်ကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ကမ္ဘာ​ဦး 41